၁၂၉။ ဒါက အစပဲ ရှိသေးတယ် - ၃

1.4K 125 0
                                    

၁၂၉။ ဒါက အစပဲ ရှိသေးတယ် - ၃

ဂျန်ရှင်းယန်နှင့် သူ့အစောင့်များက မြင်းများပေါ်မှ လဲကျသွားလျှင်, လုပ်ကြံသတ်ဖြတ်သူ အုပ်စုက သူတို့ထံ ပြေးဝင်လာခဲ့ကြသည်။ သူတို့က ခုခံကာကွယ်ဖို့ပင် မဖြစ်နိုင်လောက်အောင် အားနည်းသွားကြ၍ အစောင့်အားလုံး အသတ်ခံလိုက်ကြရပြီး ဂျန်ရှင်းယန်က အဖမ်းခံလိုက်ရသည်။ သူ့ကို မြို့တော်သို့ ပြန်ခေါ်သွားခဲ့ကြသည်။

ရူလင်းစစ်တပ်မှ အစောင့်စစ်သားများသည် ဂျန်ရှင်းယန်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့တာ ကြာမြင့်ခဲ့ပြီး သူ့ရဲဘော်ရဲဘက်များ ဖြစ်ကြရုံသာမက သူ့မိသားစုလိုပင် ဖြစ်နေကြသည်။ ဂျန်ရှင်းယန်က သူတို့၏ သေဆုံးခြင်းကြောင့် အလွန်အမင်း နာကျင်ရသည်။

သူ့ကို မြေအောက် အကျဉ်းခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ဂျန်ဝုယောင်းသာ အချိန်မီ ရောက်ရှိမလာလျှင် သူက သူ့သားနှင့် မြေးမလေးကိုပင် မြင်တွေ့နိုင်တော့မည် မဟုတ်ပေ။

ဂျန်ရှင်းယန်က ဝရုန်းသုန်းကား ဖြစ်ပျက်ခဲ့သည်များကို ပုံမှန် လေသံဖြင့် ပြန်ပြောနေတာတောင်....

နားထောင်နေသူများက မျက်နှာ ရှုံ့မဲ့ရလေ၏။

မိုချင်းယွမ်က ဘုရင့်မိသားစုမှ ဖြစ်၍ သူက ရှက်လွန်းလို့ ခေါင်းငုံ့ထားလေ၏။ သူက အားလုံးထက် ပို သိသည်။ ထိုလူများက ရက်စက်ယုတ်မာမှုများအတွက် တာဝန်ခံရသည့် စွမ်းအားရှင်များ ဖြစ်ကြသည်မဟုတ်လား။

ဂျန်ချင်း၏ မျက်နှာက နက်မှောင်နေသည်။ ဘုရင့်မိသားစု၏ ဂျန်မိသားစုကို အမြစ်ပြတ်ချေမှုန်းရေး လမ်းစဉ်မှာ, လင်းယွိယန်က ငါးစာ ဖြစ်သွားရသည်။ ဂျန်မိသားစုက သူတို့အကျိုးတော်ဆောင်၏ အသေဆိုးဖြင့် သေခြင်းကို လက်ပိုက် ကြည့်မနေဘဲ ပါဝင်ပတ်သက်မည်ဆိုတာကို သူတို့ သိနေကြသည် မဟုတ်လား။ ဂျန်မိသားစုက လင်းမိသားစု၏ ဝမ်းနည်းဖွယ်ရာ ကံကြမ္မာအတွက် တာဝန်ရှိပေသည်။

ပါရမီရှင်သမားတော်Where stories live. Discover now