၈၄။ ဆိုးယုတ်သည့် ရည်ရွယ်ချက် - ၂

1.5K 155 0
                                    

၈၄။ ဆိုးယုတ်သည့် ရည်ရွယ်ချက် - ၂

မိုရွှမ်ဖေးနှလုံးသားက ထိုလို အတွေးမျိုး တွေးခဲ့တာကို ဘယ်တော့မှ ဝန်ခံလိမ့်မည် မဟုတ်ပေ။

“ညီတော်, မင်း ငါ့ကို ပူပန်ပေးလို့ ကျေးဇူးပါ” မိုချင်းယွမ်က မတတ်သာသည့် လေသံဖြင့် ပြန်ပြောသည်။ “မင်း ငါ့ဆီ လာလည်ခြင်းရဲ့ အကြောင်းကို သိလို့ ရမလား။”

“ဟားဟားဟား.. အကိုတော်က အခုနောက်ပိုင်း ရွှန်းရွှန်းစားစား ပြောတာကို ကြားရလို့ ညီတော်တော့ ပျော်သွားပြီ၊ ပြီးတော့ အကိုတော်ရဲ့ တစ်ကိုယ်လုံးလည်း လတ်တလော တိုးတက်လာပုံ ရတယ်, ဒီတော့ ညီတော်က ဘိုင်ယန်ရှင်းအန်ကိုယ်တိုင် ဖော်စပ်ထားတဲ့ ကျောက်စိမ်းနှင်းပွင့်ဆေးလုံးကို လက်ဆောင် ပေးမလို့၊ ဒီဆေးလုံးက ခန္ဓာကိုယ်ကို အားရှိစေတယ်, တော်ဝင်အကိုတော် သုံးစွဲရင် အကျိုးရှိမယ်လို့ မျှော်လင့်မိတယ်။”

မိုရွှမ်ဖေးက ယဉ်ကျေးစွာ ပြန်ပြောသည်။ သူ့ဘေးမှာ ထိုင်နေသည့် ဘိုင်ယန်ရှင်းအန်က ဆေးလုံးပုလင်းကို စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

မိုရွှမ်ဖေးက ရှင်းလင်းစွာ ပြောသည်။ သို့သော် သည် ‘ပူပန်ခြင်း’က အတော် နောက်ကျနေပြီ မဟုတ်လား။

ဂျန်ဝုရှီက သည်တစ်ချိန်လုံး မျက်လုံးကို ‌အောက်စိုက်ထားသည်။ သူမက ဘာမျှမဟုတ်သည့် အသေးအဖွဲ လူဖြင့် အချိန်ဖြုန်းဖို့ မလိုလား။ စိတ်လည်း မဝင်စားပေ။

အတိတ်တုန်းကဆိုလျှင် မိုချင်းယွမ်က ဘိုင်ယန်ရှင်းအန် ကိုယ်တိုင် ဖော်စပ်ထားသည့် ဆေးကို ရရှိသည့်အတွက် စိတ်လှုပ်ရှားမိမှာ ကျိန်းသေသည်။ သို့သော် ဂျန်ဝုရှီက ကိုယ်တိုင် သူ့ခန္ဓာကိုယ်ကို ကြည့်ရှူစစ်ဆေးခြင်းကြောင့် သူ့ခန္ဓာကိုယ်က အချိန်တိုအတွင်းမှာပင် တိုးတက်လာနေတာကို ခံစားနေရပြီမို့ သက်ရောက်မှုက အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းနေတာကို ကိုယ်တိုင် တွေ့ကြုံနေရသည့်အတွက် ဘိုင်ယန်ရှင်းအန်ကိုယ်တိုင် ဖော်စပ်သည့် ဆေးအသာထား, သူမဆရာကိုယ်တိုင် ဖော်စပ်သည့် ဆေးကို လာပေးလျှင်တောင် သူက စိတ်ဝင်စားတော့မည် မဟုတ်ပေ။ သို့အတွက်မို့ သူက ခပ်ဖျော့ဖျော့ အားယူ ပြုံးပြလိုက်ရသည်။

ပါရမီရှင်သမားတော်Where stories live. Discover now