၂၁။ ခန္ဓာကိုယ်က ရတနာ ဖြစ်တယ် - ၂

1.7K 195 0
                                    

၂၁။ ခန္ဓာကိုယ်က ရတနာ ဖြစ်တယ် - ၂

သူ့မြေးမလေးက အလွန်ဆိုးရွားသည့် အခက်အခဲကို တွေ့ကြုံခဲ့ရသော်လည်း အခုထိ ပူပင်ကြောင့်ကြမဲ့ ရှိနေဆဲပင်။ ထပ်ပေါင်း ပြောရလျှင် သူမက အပြုအမူကောင်းများ ရှိလာပြီး လိမ်မာရေးခြားပါ ရှိလာခဲ့သည်။ သည်အရာက သူ့ကို အထင်နှင့် အမြင် ကွဲပြားစေပြီး ဝမ်းနည်းမှုကိုပါ ဖြစ်စေနိုင်ခဲ့၏။

တကယ်တော့ သူ့မှာ ရှိနေတာက အဖိုးတစ်ယောက်အနေဖြင့် အသုံးမကျခြင်း ဖြစ်သည်။ သူမက မိဘနှစ်ပါးလုံးကို ငယ်ငယ်ကတည်းက ဆုံးရှုံးခဲ့ရပြီး အဖိုးတစ်ယောက်အနေဖြင့် သူမကို မကာကွယ်နိုင်ဖြစ်နေရသည်။ သူမအား တည်ငြိမ်အေးချမ်းသည့် ဘဝကို မပေးနိုင် ဖြစ်နေရသည်။

“ဒီကိစ္စလား, သမီးကို ဖိုးဖိုး ခွင့်ပြုမှာပါ၊ သမီ ကြိုက်သလိုသာ လုပ်နော်၊ မှတ်ထားရမှာက ဖိုးဖိုး သမီးအနားမှာ ရှိနေတယ်ဆိုတာပဲ၊ သမီးကို ဘယ်သူကမှ အနိုင်မကျင့်စေရဘူး။” ဂျန်ရှင်းယန်က လင်းလက်နေသည့် မျက်လုံးများဖြင့် ကြေညာလိုက်သည်။ ဂျန်ဝုရှီ၏ ပြောင်းလဲခြင်းက သဘာဝအားဖြင့် သူ့ကို အလွန် ပျော်ရွှင်စေသည်။

“ကျေးဇူးပါ ဖိုးဖိုး” သူမက ခေါင်းညိတ်ပြသည်။

“ဖိုးဖိုးတို့က မိသားစုဝင်တွေပဲဟာ၊ ကြီးကျယ်နေစရာ မလိုပါဘူး၊ သမီး ပျော်ရွှင်နေသမျှ ဖိုးဖိုးလည်း စိတ်ချမ်းသာနေရတာပဲ။” သူမက ဆေးပညာကို တကယ် စိတ်ဝင်စားလျှင် အကျင့်မကောင်းသည့် မိုရွှမ်ဖေးကို စဉ်းစားခွင့်ပြုမည့်အစား သည်အရာက ကောင်းမွန်သည့် အရာ ဖြစ်နေပေလိမ့်မည်။

“ဖိုးဖိုး အလုပ်သမားတွေကို ဆေးစာအုပ်တွေနဲ့ ဆေးပင်ဝါးပင်တွေကို ပြင်ဆင်ခိုင်းလိုက်မယ်နော်၊ တခုခု လိုနေတာ ရှိရင် ဦးလေး ဖူကို ပြောလိုက်နော်။”

ဦးလေး ဖူက လင်းအိမ်တော်တွင် သြဇာအာဏာရှိသူ တစ်ယောက် ဖြစ်၏။ သူက ငယ်ရွယ်စဉ်ကတည်းက ဂျန်ရှင်းယန်နောက်သို့ လိုက်ပါလာခဲ့ပြီး ရူလင်းစစ်တပ်တွင် ဒုတိယအာဏာရှိသူ ဖြစ်သည်။ ထို့နောက်တွင် သူက သူ့အာဏာကို ဂျန်ဝုရှီ၏ ဖခင်ကို လွှဲပြောင်းပေးခဲ့သည်။ သူက စစ်တပ်မှ အနားယူပြီးနောက် လင်းအိမ်တော်၏ ကိစ္စရပ်မှန်သမျှကို တာဝန်ယူခဲ့သည်။

ပါရမီရှင်သမားတော်Where stories live. Discover now