၁၅။ အဖိုး

1.8K 217 0
                                    

၁၅။ အဖိုး

သူက စစ်မြေပြင်သို့ ပြန်သွားရလျှင်, သူတို့က ချင်းယန်ကလန်နှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင်ပင်, ဘုရင်မင်းမြတ်က လင်းအိမ်တော်အပေါ် ထိုမျှလောက် အကြင်နာမဲ့ ရက်စက်သည်ဟူ၍ မဆိုနိုင်ပေ။

နှစ်များစွာ ရူလင်းစစ်တပ်ကို လျှော့ချနေခဲ့သော်လည်း သူ့စစ်တပ်၏ လွန်ကဲသည့် အရည်အချင်းကို ဂျန်ရှင်းယန်က သတိပြုမိခဲ့သည်။ သည်အရည်အချင်းက သည်ကနေ့ အနေအထားသို့ တွန်းပို့လိမ့်မည်ဟူ၍ မည်သူက သိနိုင်ပါမည်နည်း။

“ငါ့နောက်ဆုံးထွက်သက်အထိ ဂျန်ဝုရှီကို စောင့်ရှောက်ကာကွယ်ပေးမယ်၊ ငါ့မြေးမလေးကို ဘယ်သူကမှ ထိဖို့ မစဉ်းစားနဲ့” သူက မျက်လုံးများမှ အလင်းရောင်ထွက်စေလျက် ထုတ်ဖော်ပြောသည်။

“ငါက ငါ့သားကို ဆုံးရှုံးပြီးပြီ၊ သူ့သမီးကို ငါက မဆုံးရှုံးစေရတော့ဘူး၊ သူမက ငါလင်းဝမ်ရဲ့ တဦးတည်းကျန်ရှိတော့တဲ့ တန်ဖိုးကြီး မြေးမလေးပဲ။”

နက်မှောင်နေသည့် ညအခါဝယ် သားအဖနှစ်ယောက်တို့က စာကြည့်ခန်းထဲတွင် လတ်တလော ရင်ဆိုင်နေရသည့် မိသားစုအနေအထားကို တိုးတိတ်စွာ ဆွေးနွေးတိုင်ပင်နေကြသည်။ တံခါးအနီးမှာတော့ လူရိပ်နှစ်ခုက ရပ်တည်နေလျက်။

ဂျန်ဝုရှီက တံခါးကို စိုက်ကြည့်လျက် တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေခဲ့သည်။

ဖိုးဖိုး..............

သူမ၏ အရင်ကမ္ဘာမှာ ရှိခဲ့သည့် အဖိုးကတော့ ဆယ်နှစ်ကျော်သည်အထိ သူမအတွက် စိတ်ဓာတ်ကျစရာ အမှောင်ထုကို ပြုလုပ်ခဲ့သည်။ နာကျင်မှု စိတ်ပျက်ဝမ်းနည်းမှုတို့ကိုသာ သူမ နားလည်ခဲ့ရသည်။

သို့သော် သည်ခန္ဓာကိုယ်ပိုင်ရှင်၏ အဖိုးဆိုသူက အမှောင်ထုထဲဝယ် လင်းလက်လာသည့် နေရောင်ခြည်နှင့် တူ၏။ သူမက သူ့ကို စတင် တွေ့စဉ်မှာ သူက မေတ္တာထုထည်ကို သွန်းလောင်းချပေးပြီး သူမ မည်သို့ တုံ့ပြန်ရမှန်း မသိလောက်အောင်ပင် စိုးရိမ်ပူပန်ပေးခဲ့သည်။

ပါရမီရှင်သမားတော်Where stories live. Discover now