၈၀။ အလှဆင် သစ်သား ပုတီးစေ့ - ၁

1.6K 161 0
                                    

၈၀။ အလှဆင် သစ်သား ပုတီးစေ့ - ၁

“ဒီကို လာ” ဂျန်ဝုရှီက ကြာပန်းလေးကို လက်ယပ်ခေါ်လိုက်သည်။ သူမ မျက်နှာမှာတော့ မည်သည့် ထူးခြားသည့် အမူအရာမျှ ရှိမနေချေ။

ကြာပန်းလေးက အလျင်အမြန် ကသုတ်ကရက် ဖြတ်ပြေးလာသည်။

ဂျန်ဝုရှီက ကြာပန်းလေး၏ ဆံရစ်ကို ဖယ်လိုက်ပြီး သူ့နဖူးကို စစ်ဆေးလိုက်သည်။ ဂရုတစိုက် စစ်ဆေးပြီးနောက် မည်သည့်ဒဏ်ရာအမှတ်အသားကိုမျှ မတွေ့မူ၍ သူမက နောက်ဆုံးတွင် စိတ်အေးသွားပြီး သူမမျက်လုံးများက နူးညံ့သိမ်မွေ့သွားသည်။

“နောက်ဆိုရင်, ဘာမှ မလုပ်နဲ့, သူ့ဘာသာ နေပစေ” ဂျန်ဝုယောင်းက အပေါ်ယံ မြင်တွေ့ရသလောက် နူးညံ့သိမ်မွေ့သူ မဟုတ်ဟူ၍ ဂျန်ဝုရှီက ခံစားနေရသည်။ မိုရွှမ်ဖေးနှင့် မတော်တဆမှု ဖြစ်ခဲ့စဉ်နှင့် အ‌တော်များသည့် အကြိမ်တိုင်းမှာ သူက သွေးရနံ့ကို သယ်ဆောင်ခဲ့တာက မည်သို့ပင် ဆိုစေ, သည်အရာအားလုံးက သတိပေးသည့် အမှတ်လက္ခဏာများ ဖြစ်ကြသည်။

ဂျန်ဝုယောင်းက သန်မာသည်, သူမ တွေ့ခဲ့ဖူးသည့် လူတိုင်းထက် အလွန် သန်မာသည်။ သူက စွမ်းအားပြည့်ဝပြီး တစ်ချိန်တည်းမှာပင် အသိခက်ကာ လျှို့ဝှက်သူ ဖြစ်နေပြီး အန္တရာယ်အငွေ့အသက်များ ထုတ်လွှတ်နေသူ ဖြစ်သည်။ သူမက အခုချိန်မှာ သူနှင့် တကယ့်ကို ရန်သူ မဖြစ်ချင်ခဲ့ပေ။ သူမက အခု အားနည်းကာ အင်အားချို့တဲ့နေဆဲ မဟုတ်လား။ သူက သူမကို မစော်ကားသရွေ့, သူ ဘာလုပ်လုပ် သူမက စိတ်ထဲ ထည့်ထားမည် မဟုတ်ပေ။ သို့သော် သူက လိုင်းကျော်လာလျှင်တော့, သူမကို ယီးတီးယားတား လုပ်လို့ မရတာကိုတော့ သူမက သိစေရမည်ပေါ့။

“ဒါပေမဲ့.....” ကြာပန်းလေးက ရပ်တန့်သွားသည်။ သူ၏ ပင်ကိုယ် သိစိတ်အရ, ထိုလူက အလွန်အမင်း အန္တရာယ်ကြီးမားသည်ကို သူက ခံစားနေရပြီး သူက သူ့သခင်မလေးနှင့် နီးစပ်နေတာကို တွေ့မြင်ရတော့, သူ့ကျောပြင်များ အေးစက်တောင့်တင်းလာတာကို ခံစားနေရ၍ မကူနိုင် မကယ်နိုင် ဖြစ်နေရသည်။

ပါရမီရှင်သမားတော်Where stories live. Discover now