၁၈၇။ ဖုံးကွယ်ခြင်း - ၁

1.2K 83 0
                                    

၁၈၇။ ဖုံးကွယ်ခြင်း - ၁

ထိုနေ့ည ကိုယ်စားလှယ်များကို စားသောက်ပွဲတွင် ဝိုင်များ အစားအစာများဖြင့် အလျှံပယ် တည်ခင်းဧည့်ခံပြီးနောက် မိုချင်းယွမ်နှင့် ဘိုင်ယန်ရှင်းအန်က ချင်ယုယန်နှင့် ဂျန်းချန်ချင်းကို မိုရွှမ်ဖေးနေသည့် နန်းဆောင်သို့ ဦးဆောင်ခေါ်လာကြသည်။

သူတို့ တံခါးဝသို့ မရောက်ခင်မှာပင် ဆေးဖက်ဝင်အနံ့အမျိုးမျိုးဖြင့် ရောနှောနေသည့် ပုပ်အဲ့အဲ့ အနံ့ကို ချင်ယုယန် သတိပြုမိသည်။ ဆေးဖက်ဝင်အနံ့များက စူးရှလွန်းသော အနံ့ဆိုးကို မဖုံးကွယ်ထားနိုင်ပေ။

တံခါးက ပွင့်နေသည်။ နန်းဆောင်ထဲတွင် လူတစ်ယောက်က ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။

မဟုတ်ပေ။

ပိုပြီး တိတိကျကျ ပြောရလျှင် ပုပ်ဆွေးနေသည့် အလောင်းကောင်တစ်ကောင် ဖြစ်သည်။ ဆွေးနေသည့် အသားဖတ်များက တွဲလောင်းကျနေသည်။ အရိုးများက ပေါ်နေသည်။ သူက အဝတ်ဝတ်ထားသော်လည်း အဝတ်မရှိသည့် နေရာတွင် အခြေအနေမဆိုးဝါးသည့် အကွက်အကွင်းက တစ်နေရာမျှပင် မရှိချေ။ ထူထဲသည့် အဝါရောင်ပြည်များက အနက်ရောင်သွေးဒဏ်ရာများပေါ်တွင် ခိုတွဲနေသည်။ ထိုလူ့ မျက်နှာ လည်ပင်းနှင့် လက်များမှ ပြည်များက တစက်စက် ကျနေသည်။ သူ့ရင်ဘတ်ကသာ နိမ့်ချည်မြင့်ချည် ဖြစ်မနေလျှင် သူ့မှာ အသက်ရှင်သန်သည့် အရိပ်လက္ခဏာပင် ရှိမနေချေ။

တင်းမာခက်ထန်သည့် ဂျန်းချန်ချင်းသည်ပင် မိုရွှမ်ဖေး၏ အခြေအနေကို ကြည့်ပြီး အသက်ရှူမှားသွားရသည်။

အပုပ်နံ့က သူ့အဆုပ်ထိ နက်ရှိုင်းစွာ ဝင်သွားလျှင် သူ့ကို မူးမေ့လဲလုမတတ်ပင် ဖြစ်စေသည်။

အဲလူက အသက်ရှင်နေတုန်းလား။ အဲဒါက ပုပ်ဆွေးနေတဲ့ အလောင်းကောင်ကြီးဆိုတာ သိသာနေတယ် မဟုတ်လား။

အဆက်မပြတ် ပုပ်ဆွေးနေခြင်းက မိုရွှမ်ဖေးအား ဆံပင်များ ပြောင်တလင်းခါသွားစေသည်။ ပါးလွှာသည့် ဦးရေပြားက စုတ်ပြဲနေသည်။ သူ့ဦးခေါင်းခွံက ပေါ်ထွက်နေသည်။

ပါရမီရှင်သမားတော်Where stories live. Discover now