Ep (1)

8.4K 164 4
                                    

Unicode

~~မှော်~~
(Season-1)
အပိုင်း(၁)

မိုးရေဆမ်းထားသည့်နှင်းဆီဖူးလေးတစ်ပွင့် ပွင့်အာလှတော့မည့်အလား လှပလွန်းတဲ့ နူတ်ခမ်းလေး....။

နှုတ်ခမ်းနီလေး ခပ်ပါးပါးထပ်လိုက်တော့ ဖူးပွင့်လာသည့်ပန်းလေးလိုပင် လှနေပြန်သည်။
ကော့ညွှတ်နေသည့် မျက်တောင်လေးတွေအောက်က မျက်ဝန်းတွေများသည်လည်း ဝိုင်းစက်လှပလို့။

မျက်လုံးခြယ်လေ့ခြယ်ထမရှိသည်မို့ ထွေထွေထူးထူး ပြင်မနေဘဲ မျက်နှာကိုမိတ်ကပ်ပါးပါးလေးသာ အုပ်လိုက်သည်။ မှန်ရှေ့မှာပေါ်လာသည်က ပြီးပြည့်စုံလွန်းတဲ့ မျက်နှာလှလှလေး။

အတော်များများကမိန်းကလေးတွေ အလှပြင်တာကြာလွန်းသည်တဲ့။ မြူကတော့ တစ်ခါပြင်ရင်ဆယ်မိနစ်ထက်မပို..။

သို့တိုင် နှဂိုလှနေသည့်မျက်နှာလေးက နည်းနည်းလေးခြယ်သလိုက်ရင်ကို အတော်လေး ပေါ်လွင်နေပြီဖြစ်သည်။ ကုသိုလ်ကံကောင်းသည် ဟုဆိုရမည်လား။

ခါးထိဝဲကျနေသည့် ဆံနွယ်ခွေခွေလေးတွေနှင့်ဆွဲဆောင်မှုပြင်းလွန်းသည့် မြူဆိုသည့်မိန်းကလေးက တကယ့် နတ်သမီးတစ်ပါးလို။

ငွေမှင်ရောင်ကာလာသွင်းထားသည့် ရေလှိုင်းလို ခွေလိပ်လိပ်ဆံပင်ပုံစံနှင့်က သူမနှင့် တကယ် လိုက်ဖက်လွန်းပါရဲ့..။

မှန်ရှေ့မှာမြင်နေရသည့် ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး ကျေနပ်သွားသည်နှင့် အလှပြင်တာကို လတ်စသတ်လိုက်ပြီး အိတ်လေးဆွဲရင်း အောက်ထပ် ဆင်းလာလိုက်သည်။ ထို့အတူ ပါးစပ်ကလည်း တစာစာအော်သွားသည်။

"မေမေရေ.. မြူကျောင်းသွားတော့မယ်"

မေမေကမီးဖိုခန်းကနေထွက်လာပြီး

"ထမင်းမစားသွားဘူးလား သမီးငယ်"

"ဟင့်အင်း.. ကျောင်းမှာသူငယ်ချင်းတွေနဲ့ ချိန်းထားတယ်မေမေရဲ့ စားသွားရင်သိတဲ့တိုင်းပဲ မြူ့ကိုစိတ်ဆိုးကြမှာ"

"ဟုတ်ပါပြီ ဂရုစိုက်သွားဦးနော် အရှေ့မှာ ဦးလေးကျော် အဆင်သင့်စောင့်နေတယ်"

"ဟုတ်ကဲ့ မြူသွားပြီနော် ဘိုင့်"

မေမေ့ကိုနှုတ်ဆက်ပြီးသည်နှင့် အိမ်ရှေ့မှာ အဆင်သင့်ရပ်ထားသည့် ကားပေါ်တက်ထိုင်လိုက်ရင်း

"ဦးလေးကျော် မောင်းလို့ရပြီ"

"ဟုတ်ကဲ့ပါဗျာ"

ကားလေးမောင်းထွက်သွားတော့ မြူတစ်ယောက်အတွေးနယ်ချဲ့နေတော့သည်။ ခါတိုင်း မြူ့ကိုနိူင်းလာကြိုနေကြပါ။

ဖျားရင်တောင် မပျက်မကွက်လာကြိုတဲ့နိူင်းက ဒီနေ့ကျမှကိစ္စရှိလို့ လာမကြိုတော့ဘူးလို့ ဖုန်းဆက်ပြောလာတော့ မြူအတော်လေး အံ့သြသွားရသည်။

မှော် (ေမွာ္)Where stories live. Discover now