Ep(7)

1.1K 66 0
                                    

Unicode

~~မှော်~~
(Season-1)
အပိုင်း(၇)

"အဲ့ဒီနေ့ကစာမေးပွဲနောက်ဆုံးနေ့ပါ သမီးလေးက စာမေးပွဲသွားမဖြေခင် ညကအိပ်မက်ထဲ အနက်ရောင်သားရေနဲ့ စာအုပ်တစ်အုပ် တွေ့ခဲ့တယ်လို့ အန်တီ့ကိုပြောတယ် အန်တီလည်း သူအိပ်ရေးပျက်လို့ ထင်ယောင်ထင်မှားဖြစ်တယ်လို့ပဲ ပေါ့ပေါ့လေး တွေးခဲ့တာပေါ့ကွယ် ဒါပင်မဲ့ အဲ့ဒီနေ့ကစပြီး အန်တီ့သမီးလေး ထူးထူးဆန်းဆန်း ပျောက်သွားခဲ့တယ် ဒီနေ့အထိပဲရှာမတွေ့ခဲ့ဘူး"

ပြောရင်း သမီးကိုလွမ်းဆွတ်လာဟန်တူသည်။ ဒေါ်မိုးမမအသံက ဆို့နင့်တိမ်ဝင်သွားကာ မျက်ရည်စလေးတွေပင် စို့လာသည်ကိုမြင်တော့ သူတို့သုံးယောက် စိတ်မကောင်းခြင်းများနှင့်အတူ အားနာသွားမိသည်။

နိူင်းကစိတ်မကောင်းစွာပင့်သက်ချလိုက်ရင်း

"အန်တီတို့သူ့ကို မရှာကြဘူးလားဗျာ"

"ဘယ်နှယ့်ပြောရက်သလဲသားရယ် သမီးလေးဟာ အန်တီ့ရဲ့ တစ်ဦးတည်းသောသမီးပါ သမီးပျောက်သွားကတည်းက အန်တီရှိသမျှ စည်းစိမ်တွေပုံပြီး အရူးတစ်ယောက်လို ရှာခဲ့တာပါ"

"ဆောရီးဗျာ ကျွန်တော်က ကျွန်တော့်ကောင်မလေး ပျောက်သွားတုန်းက ဘာကြောင့်မှန်းမသိဘူး သူ့မိဘတွေလုံးဝမရှာကြဘူးလေ ဒါကြောင့် ကျွန်တော်မေးကြည့်တာပါ"

နိူင်းစကားကို ဒေါ်မိုးမမဘာမှမတုန့်ပြန်ပါ။ နေခနှင့်ဟန်က နံရံပေါ်တွင်ချိတ်ဆွဲထားသည့် လှပသောမိန်းကလေးငယ်တစ်ယောက်၏ ပုံများကိုသာ ကြည့်နေတော့သည်။ ဒေါ်မိုးမမ၏သမီး ဖြစ်ပုံရသည်။

အတော်လေးလှပသလိုငယ်ရွယ်နုပျိုသည့် အရွယ်လေးမို့ ရုတ်တရက် ပျောက်သွားသည့်အဖြစ်က မိဘတွေမပြောနှင့် သူတို့ပင်နှမြောနေမိသည်။ ဒေါ်မိုးမမဆိုလျှင် ဘယ်လောက်များတောင် ရင်ကျိုးလိုက်မည်နည်း။

"အန်တီသမီးကိုအချိန်တိုင်းရှာနေခဲ့တယ် သားရယ် တစ်နှစ်ကျော်သွားလည်းလက်မလျော့ခဲ့ဘူး ဘယ်လိုပုံစံနဲ့ပဲပြန်တွေ့ရပါစေ သမီးကိုပြန်ရဖို့ပဲ စိတ်ရှိခဲ့တယ် ဒါပင်မဲ့သမီးအဖေကတော့ အန်တီ့ကိုလက်လျှော့ခိုင်းခဲ့တယ် သမီးကို ရှာတွေ့မှာမဟုတ်ဘူးတဲ့.. "

မှော် (ေမွာ္)Where stories live. Discover now