Ep(9)

1.1K 68 0
                                    

Unicode
~~မှော်~~
(Season-1)
အပိုင်း(၉)

"ဘုရားရေ.. အစ်ကိုတို့ တကယ်ကြီး စာအုပ်ကို ပြန်သွားခိုးမလို့လား မကြံကောင်းမကြံစည်ရာ အစ်ကိုရယ်"

"ဒီစာအုပ်က ဘယ်လောက်အစွမ်းရှိလဲ မဒီအသိဆုံးပါ ဒီစာအုပ်ကိုရရင် အစ်ကိုတို့ဘဝတွေ လုံးဝပြောင်းလဲသွားမှာနော် စိတ်ကူးမလွဲနဲ့"

မဒီမျက်နှာပျက်ပျက်နှင့်ပင် ခေါင်းခါရမ်းလိုက်ရင်း

"ညီမ ကျိန်စာကိုကြောက်တယ်အစ်ကို"

"မဒီပဲပြောခဲ့တယ်လေ စာအုပ်ထဲမှာ ကျိန်စာကိုဖျက်ဆီးပစ်နိုင်တဲ့ နည်းလမ်းရှိတယ်ဆို အစ်ကိုတို့ ရအောင်ရှာမှာပါ"

"ဒါပေမဲ့..."

"မဒီ သမီးလေးက ရောဂါသည်ဆိုတာ မဒီသိတယ်နော် ခုချိန်မှာကျန်းမာနေပေမဲ့ ဘယ်ချိန်ထဖောက်မှာလဲ ဘယ်ချိန်ဘာဖြစ်မလဲဆိုပြီး စိုးရိမ်နေတဲ့ဘဝကနေ မလွတ်မြောက်ချင်ဘူးလား အစ်ကိုကတော့ သမီးလေးအတွက် အမြဲတမ်း ရင်တထိတ်ထိတ်နဲ့ စိုးရိမ်ကြောင့်ကျနေတဲ့ဘဝကြီးကို မုန်းနေပြီ "

ခင်ပွန်းဖြစ်သူစကားကြောင့် မဒီငိုင်ကျသွားသည်။ အရုပ်လေးတွေနှင့်ဆော့ကစားနေသော ချစ်စဖွယ်သမီးလေး မျက်နှာကိုငေးကြည့်ရင်း ရင်ထဲဆို့နင်လာ၏။

ဟုတ်ပါသည်။ သူမသမီးလေးကမွေးရာပါ နှလုံးရောဂါသည်လေး။ အရွယ်နှင့်မမျှအောင် ရောဂါဝေဒနာတွေခံစားရပြီး ချူချာလွန်းသူလေး။ သမီးရောဂါဖောက်လာသည့်အချိန်တိုင်း အမေတစ်ယောက်အနေနှင့် မဒီရင်မနာဘဲနေပါ့မလား။

"သမီးလေးက အချိန်မရွေးသေသွားနိုင်တဲ့ ဝေဒနာသည်ပါ မဒီ သမီးလေးကို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေချင်တယ် သမီးလေးဝေဒနာတွေ ခံစားပြီး အသက်ရှင်နေရတဲ့အဖြစ်ကို အစ်ကို မမြင်ရက်တော့ဘူး သမီးလေးကံကြမ္မာကို ပြောင်းလဲပစ်နိုင်တဲ့အခွင့်အရေးရှိတာပဲ ကိုယ်ဘာလို့ မလုပ်နိုင်ရမှာလဲ "

ဦးသုမဟာ ထပ်ပြောလိုက်သည့်စကားက မဒီ့ကို တွေဝေသွားစေခဲ့၏။ သမီးအတွက်ဟူသောအသိက သူမကိုဘယ်လိုမှ ငြင်းဆန်ဖို့ရန်ခွန်အားမရှိစေခဲ့ပါ။ ထို့ကြောင့်လည်း မြေအောက်ခန်းသို့သွားမည့် လျှို့ဝှက်ချက်တို့အား ပြောပြလိုက်မိလေသည်။

မှော် (ေမွာ္)Where stories live. Discover now