Season-7 Ep(7)

516 23 0
                                    

Unicode

~~မှော်~~
(Season-7)
အပိုင်း(၇)

"သခင်လေး.... "

ထိုခေါ်သံကြောင့် သူတို့အားလုံး အံ့သြသင့်သွားကာ တစ်ယောက်ကို တစ်ယောက်ကြည့်မိသည်။ ခါရာရှေ့ဒူးညွတ်ကာ တလေးတစားဦးညွှတ်နေသည့် လူရိုင်းအုပ်ကြီးကိုလည်း မှင်သက်စွာကြည့်နေမိ၏။

"သခင်လေးပြန်မလာတော့ဘူးလို့ ကျုပ်တို့သုဓံသာဝ်တွေတွေးထင်ထားကြတယ် အခုလိုပြန်ရောက်ရှိလာတဲ့အတွက် လွန်စွာဝမ်းမြောက်မိပါတယ် ခေါင်းဆောင်သခင်ကြီးသိပါလျှင်လည်း အလွန်ဝမ်းသာဖြစ်ပါလိမ့်မယ် သို့သော်ဝမ်းနည်းစရာကောင်းသည်က ခေါင်းဆောင်အကြီးအကဲသည် သခင်လေးအားမကြိုဆိုနိုင်တော့ပါ "

ခုနကကြောက်မက်ဖွယ်ကောင်းလှအောင် ခက်ထန်ကြမ်းတမ်းသောလူရိုင်းခေါင်းဆောင်ကာ ခါရာကိုမြင်တွေ့ပြီးနောက် ဝမ်းသာသွားသကဲ့သို့ တစ်ပြိုင်နက်မှာပင် တစ်စုံတစ်ရာကို ဝမ်းနည်းကြေကွဲဟန်ဖြင့် ရေရွတ်လိုက်ပြန်၏။ ခါရာကတော့ပုံမှန်ထက်ပင် တည်ငြိမ်နေသောအသွင်ဖြင့်

"ခေါင်းဆောင်အကြီးအကဲ လွတ်မြောက်ငြိမ်းချမ်းသွားသည်ကို ကျုပ်သိပြီးပါပြီ ဒုရာ.."

ဒုရာဟူသည် ထိုလူရိုင်းခေါင်းဆောင်နာမည်ဖြစ်ပါလိမ့်မည်။ ခါရာနှင့်ဤလူသည်ကောင်းစွာရင်းနှီးကျွမ်းဝင်နေပုံရသည်။ သူတို့သည်ယခုတိုင်အခြေအနေကို ဘာမှနားမလည်နိုင်သေးပါ။

"အကြီးအကဲသခင်လွတ်မြောက်သွားမှန်း သခင်လေးသိပါရက်နဲ့ အဘယ်ကြောင့်များ မှော်သုဓံသာဝ်သို့ထံပြန်မလာနိုင်ရသနည်း လွပ်လပ်နေသောအကြီးအကဲခေါင်းဆောင်နေရာအတွက် ကျုပ်တို့အားလုံး သခင်လေးအား အချိန်ကြာမြင့်စွာပင် စောင့်မျှော်ခဲ့ကြပါတယ် "

လွပ်လပ်နေသောအကြီးအကဲခေါင်းဆောင်နေရာဆိုပါလား။ ဒါဘာအဓိပ္ပါယ်ပါလိမ့်...။

ကြားရသမျှတို့သည်အထူးအဆန်းဖြစ်ကာ မယုံကြည်ဖွယ်ကောင်းနေ၏။ လူရိုင်းဟုဆိုသော်လည်း ဤမျိုးနွယ်စုကာ ယဉ်ကျေးသောအသွင်ရှိသည်။ စကားပြောဆိုဟန်တို့သည်လည်း ရှေးမကျဘဲ သူတို့ပြောနေကြသည်များနှင့်ခပ်ဆင်ဆင်ပင်။

မှော် (ေမွာ္)Where stories live. Discover now