Season-4 Ep(10)

593 32 0
                                    

Unicode

~~မှော်~~
(Season-4)
အပိုင်း(၁ဝ)

"ကိုယ်ချစ်မြတ်နိုးရတဲ့လူနဲ့ သေကွဲကွဲရတာထက် ရှင်ကွဲကွဲတာကပိုဆိုးတယ်နော် ဗဒ္ဒရီ.. အသက်ရှင်နေသေးတယ် ကိုယ့်ကိုစောင့်မျှော်နေမှန်းလည်းသိတယ် ဒါပေမဲ့ ရောက်အောင်မသွားနိုင်ဘူး ဘယ်သောမှလည်းမသွားနိုင်တော့ဘူး ဒီလိုအဖြစ်မျိုးကဘယ်လောက်တောင် နာကျင်ဖို့ကောင်းလဲ.. "

မြူကာ အတော်ခံရခက်ဟန်ဖြင့် ညည်းညူနေတော့သည်။ ဗဒ္ဒရီကဘာမှမတုန့်ပြန်။ လုပ်လိုက်စအလုပ်များကိုသာ ဆက်လုပ်နေသည်။ ဒီမနက်နိုးထလာခြင်းက မြူ့အတွက် နာကျင်မှုတွေတပွေ့တပိုက်နှင့်။

ဖေဖေ၊မေမေတို့ထံသွားရောက်လိုက်မိခြင်းက သူမမှားယွင်းသွားခဲ့ပြီလား.. ။ အခုတော့ ရင်ထဲတွင် တော်တော်ခံရခက်နေသည်။ အေးစက်စက်မနက်ခင်းမှာ မျက်ရည်တွေရွဲနေသည့်မြူ့ကို ဗဒ္ဒရီကတော့ ဘာမေးခွန်းမှမထုတ်ပါ။

"ရှင်သန်နေလျက်နဲ့ကမ္ဘာခြားနေတယ် သတိရလို့တွေ့ခွင့်မရှိဘူး အဆင်မပြေဖြစ်နေလို့ နှစ်သိမ့်ပေးခွင့်လည်းမရှိဘူး ဒီလိုလွမ်းဆွတ်ပြီး ခံစားနေရမဲ့အတူ သေကွဲကွဲလိုက်တာမှ ပိုကောင်းဦးမယ်"

မချိမရိစွာ မြူကာဆက်ညည်းညူနေဆဲ။ ထို့နောက်အသံတိတ်နေသည့်ဗဒ္ဒရီကို အလိုမကျဖြစ်သွားဟန်နှင့်

"ဗဒ္ဒရီ မြူ့အတွက် ဘာစကားမှပြောစရာမရှိဘူးလား မြူခံစားနေရတာကိုတောင် ဒီအတိုင်းငြိမ်နေရသလား "

"ဘာပြောရမှာမို့လဲ"

"အင်းလေ... ဟုတ်သားပဲ ဗဒ္ဒရီက ရှင်ကွဲမှအကွဲမခံရဖူးတာ ဒီခံစားချက်တွေ ဘယ်နားလည်နိုင်မှာလဲ ဘယ်လောက်နာကျင်ရမှန်း ဗဒ္ဒရီမသိနိုင်ပါဘူးလေ "

မြူ့စကားကြောင့် ဗဒ္ဒရီတစ်ချက်ပြုံးလိုက်သည်။ အလင်းရောင်မရှိတော့သည့်မြူကတော့ ဗဒ္ဒရီပြုံးလိုက်သည်ကို မသိနိုင်ရှာပါ။

လုပ်စရာရှိသမျှလုပ်ပြီးသည်နှင့် ဗဒ္ဒရီ နှင်းဥယျာဉ်ထဲ ဆင်းလာလိုက်သည်။ အေးစက်နေသည့်နှင်းအငွေ့အသက်က တစ်စုံတစ်ရာကို ပို၍အမှတ်ရစေသယောင်။

မှော် (ေမွာ္)Where stories live. Discover now