Season-6 Ep(12)

592 24 1
                                    

Unicode

~~မှော်~~
(Season-6)
အပိုင်း(၁၂)

"ရွက်နုနင်အဆင်ပြေရဲ့လား"

"အင်း..."

အင်းဟုသာဆိုသည်။ တကယ်တမ်းကျ ရွက်နုမှာ အခြေအနေအတော်ဆိုးနေသည်။ ဆူးမိထားသည့် အဆိပ်က လုံးလုံးမပြယ်သေးသလို သွေးစုပ်ခံထားရသောကြောင့် လူကအတော့်ကိုဖျော့တော့ပြီးအားနည်းနေသည်။

မျက်နှာတစ်ခုလုံးသွေးမရှိသကဲ့သို့ဖြူဆုတ်ကာ အသက်မျှင်မျှင်လေးသာရူနေသောရွက်နုကိုကြည့်ပြီးဟန်သက်ပြင်းချလိုက်ကာ

"ငါတို့ခဏနားရအောင် ငါ့နင့်အတွက် ဆေးရှာပေးမယ်"

ရွက်နုခေါင်းလေးသာညိတ်ပြနိုင်ရှာ၏။ သူမကိုသစ်ပင်ရင်း၌မှီချထားပြီး ဟန်အနီးအနားဝန်းကျင်သို့ လျှောက်ကြည့်လိုက်သည်။ ဆေးရှာပေးမည်ဟုသာဆိုသည်။ တကယ်တမ်းကျ သူဘာရှာရမှန်းမသိပါ။ ဆေးရွက်တွေနှင့်ရင်းနှီးကျွမ်းဝင်သူမဟုတ်သည်မို့ ဟန်အခက်တွေ့နေမိသည်။ ဆေးတစ်ခုခုတော့ သူရအောင်ရှာမှဖြစ်မည်။ သူမအခြေအနေက အတော်ဆိုးဝါးနေသည်။ သူတို့တွင်ရှိသည့်ဆေးကလည်း ကိုမင်းခေါင်ယူဆောင်သွားသည့်ထဲပါသွားသဖြင့် ရွက်နုကိုတစ်ရက်လုံးလုံးဘာဆေးမှမတိုက်ခဲ့ရပါ။

ဦးအဂ္ဂနှင့်တစ်ခါဆေးရှာထွက်တုန်းက ခူးခဲ့သည့်အရွက်ပုံစံကိုတွေ့တော့ ဟန်ဝမ်းသာအားရခူးဆွတ်ပြီးနောက် ရွက်နုအားပြုတ်ပြီးတိုက်လိုက်သည်။ ရွက်နုကအစားနည်းနည်းစားကာ သူပြုတ်ပေးသည့်ဆေးရည်ကိုသောက်ပြီး မှေးနေသည်။ အားဖျော့လွန်းနေသည့် ရွက်နုကိုကြည့်ပြီး ရှေ့ဆက်ရမည့်ခရီးအတွက် သူရင်မောနေမိသည်။

ညရောက်တော့ မီးဖိုထားရင်း ဟန်တစ်ယောက် မီးပုံဘေးတွေအတွေးတွေများနေမိသည်။ အပြာရောင်ဝိညာဉ်တောကနေ ထွက်လာနိုင်ခဲ့ပြီဖြစ်သော်လည်း သူ့တို့တွင်ရွက်ဖျင်းတဲကလွဲပြီး ဘာမှရှိမနေတော့ပါ။ အကယ်၍ အန္တရာယ်ပေးနိုင်မည့် တစ်စုံတစ်ရာရောက်လာခဲ့လျှင် ဘယ်လိုကာကွယ်ရမည်မှန်းပင်မသိတော့ပါ။ ရွက်နုကအိပ်မောကျနေပြီဖြစ်သော်လည်း သူ့မှာအိပ်မပျော်နိုင်ပါ။ မနက်ဖြန်အတွက် စိတ်မောစွာအတွေးများနေခိုက်

မှော် (ေမွာ္)Where stories live. Discover now