Season -2 Ep(7)

892 53 0
                                    

Unicode

~~မှော်~~
(Season-2)
အပိုင်း(၇)

ဧရာဇ်သုဗနိုင်ငံတော်...

ဟုတ်ပါသည်.. ကြီးမားထည်ဝါသောတိုင်းပြည်။ စစ်ပွဲအလီလီအောင်ပွဲခံခဲ့သော ဧရာဇ်အင်ပါယာကြီးကာအရှိန်အဟုန်ပြင်းပြင်းနှင့် မာန်တလူလူလွင့်နေသည့်ကာလ။

လွန်စွာလှသော တောင်တန်းတွေကြား ခမ်းနားဝံ့ကြွားစွာရှိနေသောနိုင်ငံကြီး..။ တစ်ဖက်တွင် ကြီးမားသောနှင်းတောင်တန်းတို့ တည်ရှိသလိုကျန်တစ်ဖက်တွင်လည်း အံ့ဖွယ်တောတို့ဝန်းရံထားသည့် တိုင်းပြည်ကြီး...

သို့ကြောင့်လည်း တော်ရုံရန်သူတို့ ထိုးစစ်မဆင်ရဲသည်အထိ သဘာဝတရားကြီးကာ ခံတပ်ကြီးတစ်ခုလို ကာရံပေးနေခဲ့သည်။ ကြီးမားသော ကျောက်တံတိုင်းကြီးများနှင့် ဧရာဇ်အင်ပါယာကာ စစ်လက်နက်အင်အား တောင့်တင်းခိုင်မာနေခဲ့သည်မို့ ထိုခေတ်ကာလတွင် အင်အားကြီးသော တိုင်းပြည်တစ်ခုဖြစ်ခဲ့သည်။

သို့သော်နိုင်ငံအတွင်းတွင်တော့ ဆူပူမှုအချို့ကာ ဖြစ်ပွားနေ၏။ ထိုအရာကာ နိုင်ငံကိုဆက်ခံမည့် ဘုရင်သစ်နန်းတက်ပွဲအကြောင်းပင်။

မကြာသေးခင်ကာလက မင်းတရားကြီးကာ နာမကျမ်းဖြစ်လျက် ကျန်းမာရေးချို့တဲ့နေခဲ့၏။ ထို့ကြောင့် မင်းသစ်တစ်ပါး၏ နန်းတက်ချိန်ကာ ရောက်လာခဲ့ပြီ။

သို့သော် ထိုခေတ်ကာလကဘုရင်သည် မိဖုရားများစွာယူခဲ့သည့်အတိုင်း မင်းညီမင်းသားများစွာလည်း ရှိနေခဲ့သည်။ မင်းသားတွေကြား နန်းလုပွဲကာ ပဋိပက္ခတစ်ခုနှယ် ကြီးမားပြင်းထန်လာခဲ့သည်။

အထူးသဖြင့် မိဖုရားခေါင်ကြီးများ၏ သားတော်လေးပါးပင်ဖြစ်သည်။ နန်းတက်ဖို့အလားအလာအရှိဆုံးဖြစ်နေသကဲ့သို့ ပြိုင်ဆိုင်မှုများလည်း ပြင်းထန်ခဲ့သည်။ မိမိနှစ်သက်သည့်မင်းသားနန်းတက်နိုင်ဖို့အတွက် နန်းတော်အတွင်း၌လည်း ကိုယ့်လူသူ့လူရနိုင်ရန် ပြောဆိုပြိုင်ဆိုင်ကြရင်း အုံကြွဆူပူနေတော့သည်။

ထိုဆူပူနေသောအခြေအနေကိုထိန်းသိမ်းရန်အတွက် ဘုရင်သည် ညီလာခံတစ်ခုကိုကျင်းပလျှက် ဤသို့အမိန့်ထုတ်ကြေညာခဲ့လေသည်။

မှော် (ေမွာ္)Where stories live. Discover now