Season (5) Ep(3)

722 42 11
                                    

Unicode

~~မှော်~~
(Season-5)
အပိုင်း(၃)

"မြူ့မျက်လုံးတွေပြန်မြင်ရပြီသိလား မင်းသမီး"

အိပ်မက်ထဲတွင်မင်းသမီးနှင့်ဆုံသည်နှင့် သူမဝမ်းသာအားရပင်ပြောပြရှာသည်။ မင်းသမီးမှာသူမစကားတ်ို့ကြောင့် အံ့သြကာ မယုံကြည်နိုင်အောင်ဖြစ်နေပုံရသည်။

"မင်းသားက ရှင့်မျက်လုံးတွေကိုပြန်ပေးလိုက်တယ်"

တအံ့တသြနှင့်ပင် ရေရွတ်လိုက်၏။ မင်းသမီးအနေနှင့် ယုံကြည်ရခက်ခဲသောအရာတစ်ခုပင်။ နှစ်ပေါင်းရာချီတိုင် သူမသိကျွမ်းခဲ့သောမင်းသားသည် သူကိုယ်တိုင်ကျေနပ်စွာ ရယူဖျက်ဆီးခဲ့သည့်အရာကို မည်သည့်အခါမှ ပြန်ပြုပြင်ပေးအပ်ခဲ့ခြင်းမရှိခဲ့ပါ။ ယခုနှစ်တစ်ရာကျော်အတွင်း ပထမဆုံးအကြိမ်ကြုံခဲ့ဖူးရသည်မဟုတ်လား။

မှော်မင်းသားသည်အဘယ်ကြောင့် မြူနှင်းသိင်္ဃာ၏မျက်လုံးတို့ကိုပြန်ပေးခဲ့သနည်း။ မင်းသား၏ရည်ရွယ်ချက်တို့သည် ရိုးစင်းပါရဲ့လား။

"မင်းသားမှာဘာအကြံအစည်ရှိနေပါလိမ့်"

နားလည်ရခက်စွာဖြင့် မင်းသမီးထပ်ဆိုလိုက်တော့ မြူကတစ်ချက်ပြုံးလိုက်ရင်း

"မင်းသမီးနဲ့ဗဒ္ဒရီကအရမ်းအတွေးလွန်တာပဲ မင်းသားမှာဘယ်လိုမကောင်းတဲ့အကြံအစည်ပဲရှိပါစေ လောကကြီးကို ထပ်မြင်ခွင့်ရတဲ့အတွက်မြူကတော့ပျော်တယ် သေရမှာခြင်းအတူတူဆိုရင် အမှောင်ထဲမှာနေပြီးသေဆုံးသွားရမှာထက်စာရင် အလင်းရောင်ကိုထိတွေ့ရင်း သေသွားရတာပိုမကောင်းဘူးလား "

မြူသည် အမှန်တကယ်ပျော်နေရှာသည်။ ထို့ကြောင့်သူမအနေနှင့် အရာရာကို အကောင်းမြင်စိတ်နှင့်ပိုကြည့်နေနိုင်၏။ မင်းသမီးမှာ သက်ပြင်းသာခိုးရိူက်မိလျက် သူမရှေ့တွင် ရှိနေသောပြုံးပျော်နေသည့်မြူ့ကို ကြည့်လိုက်သည်။

မြူကလှပါသည်။ ချိုကြည်သော မျက်နှာလေးနှင့် တော်တော်လှသည်ဆိုရမည်။ မျက်ဝန်းနက်နက်တို့ကညှို့ငင်နိုင်စွမ်းရှိသည်။ ခန္ဓာကိုယ်အချိုးအစားမှာလည်း ဆွဲဆောင်မှုရှိသည့်အထဲတွင်ပါဝင်သည်။ သို့သော်မှော်မင်းသားကဲ့သို့သောလူအတွက်တော့ ထွေထွေထူးထူးတုန်လှုပ်နိုင်လောက်သည့် အလှတရားမျိုးမဟုတ်ပါ။ အလှဆုံးပါဆိုသော မိန်းကလေးပေါင်းများစွာနှင့်မှော်မင်းသားသည် တွေ့ကြုံခဲ့ရဖူးပါသည်။

မှော် (ေမွာ္)Where stories live. Discover now