Season-5 Ep(9)

536 26 0
                                    

Unicode

~~မှော်~~
(Season- 5)
အပိုင်း( ၉)

"မင်းသားကလူသားစစ်စစ်ပါ ဒါပေမဲ့ သာမာန်လူသားတွေ မရနိုင်တဲ့မှော်စွမ်းအားကို ပိုင်ဆိုင်ထားနိုင်သလို ကြောက်စရာကောင်းတဲ့ ကျိန်စာတစ်ခုလည်း မင်းသားကိုတွယ်ကပ်နေခဲ့တယ် "

"ကြောက်စရာကောင်းတဲ့ကျိန်စာဟုတ်လား ဘယ်လိုကျိန်စာမျိုးလဲဟင်"

"သက်တော်၂၈နှစ်ပြည့်တိုင်း မင်းသားက ၁၈နှစ်ကြာတဲ့အထိအိပ်စက်သွားရတယ်"

"ဟင်... "

"လူတစ်ယောက်သေပြီးပြန်မွေးဖွားသလိုပါပဲ မင်းသားဟာ သက်တော်၂၈နှစ်မှာအမြဲသေဆုံးတယ် ဒီခန္ဓာကိုယ်ထဲမှာပဲပြန်မွေးဖွားတယ် သက်တော်၁၈အရွယ်မှာပြန်နိုးထလာတယ် မင်းသားရဲ့ရှင်သန်ခွင့်ဟာ ၁ဝနှစ်ပဲရှိတယ် သက်တော်၁၈နှစ်မှာပြန်နိုးထပြီး ၂၈နှစ်မှာ အိပ်စက်သွားရတယ် ဒါကြောင့်မင်းသားရဲ့အရွယ်က ပြောင်းလဲသွားခြင်းမရှိဘူး ဒီအသက်အရွယ်အတိုင်းနုပျိုနေခဲ့တာပဲ အချိန်တွေသာနှစ်ရာချီကြာသွားတယ် မင်းသားဟာ၁၈နှစ်နဲ့၂၈နှစ်ကြား နုပျိုမှုတွေရှိခဲ့တယ် ဒါပေမဲ့ အဲ့ဒီ့ကာလတွေမှာပဲ သူရှင်သန်ခဲ့တယ် ဒါကမှော်မင်းသားရဲ့ကျိန်စာပဲ"

မျှော်လင့်မထားသည့်စကားများကာ မြူ့ကို အလွန်အံ့သြတုန်လှုပ်သွားစေခဲ့သည်။ မှင်သက်ကာဆွံ့အနေသောသူမကို ဗဒ္ဒရီကစူးစိုက်ကြည့်နေရင်းနှင့်

"ဒါပေမဲ့ ဒီကာလတွေမှာဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်တွေအားလုံးကို မင်းသားကသိမြင်နိုင်စွမ်းရှိတယ် မင်းသားဟာ သက်တော်၂၈နှစ်ပြည့်လို့မအိပ်စက်သေးခင်မှာ ယောဧဣမှော်ပညာရပ်နဲ့ သူ့ရဲ့ပုံရိပ်ယောင်တွေကိုဖန်တီးထားခဲ့တယ် မင်းသားကိုယ်တိုင်မတည်ရှိနိုင်တဲ့ အချိန်ကာလတွေမှာပုံရိပ်ပွားတွေ ဖန်တီးထားခဲ့တာပဲ ဒါကြောင့်မှော်မင်းသားဟာ နှစ်ပေါင်းများစွာ အိပ်စက်သွားပေမဲ့ မှော်တိုင်းပြည်မှာဖြစ်ပျက်သွားသမျှကို ပုံရိပ်ပွားကနေပြန်ကြည့်နိုင်တယ်"

(ယောဧဣမှော်ပညာရပ်သည် မှော်စာအုပ်ထိန်းချုပ်ထားသော ယောဧက္ကမျိုးနွယ်စု၏အစွမ်းတန်ခိုးပင်ဖြစ်သည်။ ၎င်း၏မှော်အစွမ်းမှာ
ထင်ယောင်ထင်မှားဖြစ်ခြင်း (မရှိသည် ဖြစ်မနေသည်ကို ရှိနေသည် ဖြစ်နေသည်ဟု ထင်မှတ်နေအောင်) ဖန်တီးပြုလုပ်နိုင်ခြင်းဖြစ်သည်။ )

မှော် (ေမွာ္)Where stories live. Discover now