Season-4 Ep(8)

617 32 0
                                    

Unicode

~~မှော်~~
(Season-4)
အပိုင်း(၈)

"ခင်ရယ် .. ဒီဆေးလေးတော့သောက်လိုက်ပါနော် မနက်ကလည်းဆေးတွေမသောက်ဘူး ခင်ဒီလိုလုပ်နေလို့မရဘူးလေ "

ကရုဏာဒေါသများနှင့်ဖေဖေ့စကားကို မေမေဘာမှမတုန့်ပြန်ပါ။ ဖေဖေကမ်းပေးသည့် ဆေးတို့ကိုလည်း ယောင်၍မျှပင်မကြည့်။ ညှိုးငယ်စွာခွေခေါက်နေရင်းမှ မျက်ရည်လေးဝဲလာရင်း

"ခင်သမီးလေးကို အရမ်းသတိရတာပဲ "

"ခင်ရယ်.. "

"သမီးလေးအခုဆိုရင် ဘယ်လိုနေမှာလဲမသိဘူး ခင်သမီးကိုလွမ်းလို့ရူးတော့မှာပဲ  သမီးလေးကို ခင်တို့ တကယ်ကိုပြန်မရနိုင်တော့ဘူးလားဟင် "

"ခင် ကိုယ်ပြောတာနားထောင် ခင်ဆေးသောက်ဖို့လိုတယ် ခင့်ကျန်းမာရေး အခြေအနေမကောင်းသေးဘူးဆိုတာလည်း သတိထားပါဦး "

"ခင်အသက်မရှင်ချင်တော့ဘူး ဟင့်ဟင့်"

ဖေဖေ့ပုခုံးပေါ်မှီရင်း မေမေရိူက်ငိုလိုက်တော့ မေမေ့ကိုတင်းတင်းဖက်ပြီး ဖေဖေအံကြိတ်ထားရှာသည်။ မေမေ့ကို နှစ်သိမ့်ပေးနေသည့် ဖေဖေ့မျက်ဝန်းတို့သည်လည်း နီရဲနေလို့။

ထိုမြင်ကွင်းကိုငေးကြည့်ရင်း မြူ့ရင်တွေ နာကျင်လွန်းမကနာကျင်လာရသည်။ ထိန်းချုပ်ထားသည့်ကြားမှမျက်ရည်တို့က အတားအဆီးမဲ့စွာ တပေါက်ပေါက်စီးကျလာရင်းနှင့်။

မေမေရယ်... ပိန်သွားလိုက်တာ

ပိန်ချုံ့နေကာ ညှိုးနွမ်းလွန်းနေသော မေမေ့ကိုကြည့်ရင်း သူမရင်တွေမချိလှပါ။ မေမေ့ကိုဖျောင်းဖျနေသည့်ဖေဖေ့မျက်နှာပေါ်က ပင်ပန်းဆင်းရဲမှုတွေကလည်း ရင်ကိုတဆစ်ဆစ် နာကျင်စေပြန်၏။ မေမေ့မျက်ရည်ကို သုတ်ပေးရင်း နမ်းရိူက်ချင်သည်။ ဖေဖေ့လက်ကို ဆုပ်ကိုင်ရင်း ထွေးပွေ့ထားချင်သည်။ သို့သော် တကယ်တမ်းကျ မြူ့မှာငိုရှိုက်၍ ငေးကြည့်နေရုံသာ။

တောင်းပန်ပါတယ်ဖေဖေရယ်
ကျေးဇူးပြု၍ မေမေ့ကိုမြူ့ကိုယ်စား ဂရုစိုက်ပေးပါ မေမေနေကောင်းလာတဲ့အထိ ဖေဖေအားတင်းထားပါနော်။

မှော် (ေမွာ္)Where stories live. Discover now