Season -6 Ep(8)

586 35 1
                                    

Unicode

~~မှော်~~
(Season -6)
အပိုင်း(၈)

လေသာဆောင်တွင်သူ့ကိုမြင်လိုက်သည်နှင့်ပင် သူမခြေဖျားလက်ဖျားလေးတွေက အလိုလိုအေးစက်သွားတော့သည်။ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ရင်ခုန်လှိုက်ဖိုခြင်းတွေက စည်းချက်ညီစွာနှင့်ပင် ဖြစ်တည်လာခဲ့သည်။

"စားပွဲပေါ်တင်လိုက်.... "

သူမကိုလှည့်မကြည့်ဘဲအမိန့်ပေးလိုက်တော့ မြူကိုင်ထားသည့်အစားအသောက်ဗန်းလေးကို စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် ဘေးတိုက်မြင်ရသည့်သူ့မျက်နှာကို မသိမသာခိုးကြည့်မိပြန်သည်။

ဝဲကျနေသည့်ဆံပင်တွေကြားမှ ထူထပ်သောမျက်ခုံးတွေ၊ စူးလက်နေတဲ့မျက်ဝန်းတွေ၊ နှာတံချွန်ချွန်ရယ် ၊ ပိရိသေသပ်လွန်းတဲ့ နှုတ်ခမ်းတို့ရယ် အို... ချောရက်လေခြင်း။

မြင့်မားတောင့်တင်းသောခန္ဓာကိုယ်နှင့် မီးခိုးရောင်ဆွယ်တာကုတ်အင်္ကျီရှည်က ဘယ်လောက်တောင်လိုက်ဖက်လွန်းလိုက်သလဲ။

လရောင်ဆမ်းသောကောင်းကင်အောက်မှ ဝရန်တာကိုမှီလျက် နှင်မှုန်တွေတဖွဲဖွဲကျဆင်းနေသည့်ပတ်ဝန်းကျင်ကို ငေးမောနေသည့်သူ့ရုပ်သွင်ကာ အဘယ်မျှဆွဲဆောင်မှုရှိလိုက်လေသနည်း။

တဖွဲဖွဲကျနေသည့်နှင်းမှုန်တို့၏အအေးဓာတ်ကို မေ့လျော့သွားမိသည်။ ထွန်းတောက်နေသည့် လရောင်၏အလှကိုလည်းမခံစားနိုင်တော့ပါ။ တဖြူးဖြူးတိုက်နေသည့်လေညှင်းတို့ကိုလည်း သတိမရတော့ပါ။ စိတ်အာရုံတွေ လွင့်မျောသွားသည်အထိ တမေ့တမောငေးမောကြည့်နေမိသည်က မီးခိုးရောင်လောင်းကုတ်ရှည်နှင့် အင်မတန်ချောမောသန့်စင်နေသည့် မှော်မင်းသာ။

ကြည့်စမ်းပါဦး.... ကြောက်စရာကောင်းလောက်အောင် ရက်စက်ခက်ထန်တဲ့မင်းသား။ သွေးအေးပြတ်သားလွန်းတဲ့မင်းသား။ နာမည်ကြားရုံနှင့် ချောက်ချားတုန်လှုပ်စေတဲ့ မှော်မင်းသားတဲ့လား။

မယုံကြည်နိုင်စရာကောင်းလောက်အောင် ချောမောနေမှုကြီးက ရူးချင်စရာကောင်းလိုက်တာ။ ဤကမ္ဘာမှာ ဤကဲ့သို့သောချောမောလှသော ယောင်္ကျား တကယ်ရှိသတဲ့လား။

မှော် (ေမွာ္)Where stories live. Discover now