Season-7 Ep(2)

605 31 2
                                    

Unicode

~~မှော်~~
(Season-7)
အပိုင်း(၂)

ဝေ့ဆိုင်းနေသောနှင်းမှုန်တွေကြားမှ အဖြူရောင်နှင်းတောင်တန်းကြီးမှာ လှပလွန်းလှပါသည်။ ထိုနှင်းတောင်တန်းတွေကြားမှ နှင်းမှုန်ကို ထိုးဖောက်လျက် အငွေ့တလူလူထနေသည့် ရေပူအိုင်က ပိုလှနေမည်ထင်သည်။ သို့သော် ထိုအရာအားလုံးထက်ပိုလှနေသည်ကတော့ ရှည်လျားသောဆံနွယ်များနှင့်မိန်းမပျိုလေး။

ကော့ညွှတ်နေသည့်မျက်တောင်အောက်မှ ဝိုင်းစက်လှပနေသောမျက်ဝန်းက နှင်းတောင်တန်းတွေပင် ငိုချင်းချလောက်၏။ ပန်းသွေးရောင်သန်းနေသည့် နှုတ်ခမ်းဖူးငုံငုံလေးကလည်း လှရက်နိုင်သည်မှာ ခပ်လှမ်းလှမ်းရေပူအိုင်မှ ရေငွေ့များပင် အေးခဲနိုင်သည်ထင့်။ ရွှေအစင်းလို ဝင်းမွတ်လှပလွန်းသောအသားအရည်ကလည်း နှင်းမှုန်များပင် မယှဉ်သာနိုင်ခဲ့ပါလား။

ယနေ့မှထူးထူးခြားခြားဝတ်ဆင်ထားသည့် ရွှေအိုရောင်တောက်နေသော လှပဆန်းကြယ်လွန်းသည့် ရှေးဆန်သောနန်းဝတ်စုံကာ သူမနှင့်လိုက်ဖက်တင့်တယ်လွန်းလှ၏။ သေသပ်လှပစွာချုပ်ထားသော နန်းဝတ်စုံက ကျော့ရှင်းလှပသောကိုယ်ဟန်လေးကို ထင်ထင်ရှားရှားထင်ပေါ်စေရာ မြင်ရသူအဖို့ ရင်သပ်ရူမောဖွယ်အတိ။

အင်းလေ... နန်းဆောင်တော်၏အလှပဆုံးသော အရှင်သခင်၏နန်းတက်ဝတ်စုံပေကိုး။

ခမ်းနားလှပနေမှုကစာဖွဲ့၍ပင်ကုန်မည်မထင်။ ဒီဝတ်စုံနှင့်မိန်းကလေး၏မြင့်မြတ်သော အလှတရား၊ ကျက်သရေရှိသော တင့်တယ်မှုတို့ကာ ငေးမောကြည့်ယူရပါ၏။

ထို့ပြင်ရှည်လျားလှပသော ဆံနွယ်တို့ကိုပကတိအတိုင်းချထားသဖြင့် ဆံနွယ်၏ကောင်းခြင်းတို့ကိုလည်း တအံ့တဩတွေ့နေရပါသည်။ ခေါင်းအထက်တွင်လည်း ရွှေသားအတိပြီးသော လက်ရာမြောက်လွန်းသည့် သရဖူသေးသေးလေးကိုတပ်ဆင်ထားလေရာ...

အို... သိပ်ကိုလှပခမ်းနားနေတဲ့ဘုရင်မပါလား။
ကျက်သရေအတိနှင့်အလှတရားတွေက
အပြစ်ဆိုရက်စရာမရှိအောင်ပြီးပြည့်စုံလေခြင်း။ အဘယ်မျှလှပရက်နိုင်လွန်းပါလိမ့်။

မှော် (ေမွာ္)Where stories live. Discover now