Season-3 Ep(2)

781 37 0
                                    

Unicode

~~မှော်~~
(Season-3)
အပိုင်း(၂)

"မင်းအဆင်ပြေရဲ့လား..."

မနူးညံနေတာတောင် သူ့နှုတ်ဖျားမှ ထွက်လာသည့် ဒီအသံရှိန်ရှိန်လေးဟာ သိပ်ကိုစွဲမက်ဖွယ်ကောင်းနေလို့ပါလား။

စကားပြောလိုက်သည့်အခိုက် လေငွေ့တွေပင် မျက်နှာကိုခပ်နွေးနွေးလာဟပ်သည်အထိ နီးကပ်လွန်းသည့်အနေအထားမှာ မြူဟာ အလဲလဲအပြိုပြိုနှင့်။

ရင်ခုန်ခြင်းတွေကြောင့်လား။ ဒါမှမဟုတ် သိမ်မွေ့လွန်းသည့်ယစ်မူးမှုတွေလာ။ သေချာသည်က သက်တမ်းရင့်ဝိုင်တစ်ခွက်လိုပင် တိမ်းညွှတ်ဖွယ်ကောင်းနေခဲ့၏။

"ငါပြောတာ မင်းမကြားဘူးလာ"

"ရှင်..."

ဒုတိယအကြိမ်သူထပ်ဆိုလာတော့မှ မြူအယောင်ယောင်အမှားမှားဖြစ်ပြီး သတိဝင်လာတော့သည်။

ကြည့်စမ်း... သူမဟာဘယ်လောက်ထိတောင် ယစ်မှုးသာယာသွားခဲ့မိပါလိမ့်။

ရှက်ရွံ့စွာဖြင့် မြူပါးလေးတွေရဲသွားသည်ကို သတိထားမိလိုက်သော သူသည်လှစ်ခနဲ့ ပြုံးလိုက်၏။

အိုး....ဘုရားရေ...
မြူဟာ... ချောက်ထဲထိုးဆင်းသွားသလို..
ဟိုး.... တောင်အမြင့်ထိပ်ကို ရောက်သွားသလို
ရင်ခုန်သံတွေ လှုပ်ခါယမ်းသွားရ၏။

ဒီအပြုံးဟာ နွံ့တစ်ခုလိုပဲလား။ သူမကို ရက်စက်စွာဆွဲနစ်ချလိုက်ပြန်သည်။ ရုန်းကန်လေ ပိုနစ်မြှုပ်လေဖြစ်သကဲ့သို့ ရင်ခုန်သံတွေကို ကြိုးစားထိန်းနေသည့်ကြားမှ မြူသည်ထပ်ခါထပ်ခါပြိုကျနေရင်းနှင့်..။

"ဟုတ်ကဲ့..."

ဒီစကားလေးထွက်လာဖို့တောင် မြူ ဘယ်လိုတောင် အားစိုက်ကြိုးစားနေရပါလိမ့်။

"မင်းတို့မိန်းကလေးတွေက သိပ်ရယ်ရတယ် အကောင်းဆုံးဆိုတဲ့အရာကို ပိုင်ဆိုင်ထားတာတောင်မှ ရောင့်ရဲတင်းတိမ်မှုမရှိကြဘူး ပိုပြီးကောင်းနိုင်တဲ့အရာတွေကို ထပ်လောဘတက်ကြတယ် ထပ်ပြီး လိုချင်နေကြတယ်"

"ရှင်..."

သူ့စကားတွေကို မြူနားမလည်နိုင်သဖြင့် မော့ကြည့်မိတော့ သူ့အကြည့်တွေက မြူ့ထံ ရှိမနေတော့ပါ။

မှော် (ေမွာ္)Where stories live. Discover now