Season-5 Ep(11)

610 29 0
                                    

Unicode

~~မှော်~~
(Season-5)
အပိုင်း(၁၁)

ကုရ်မာ...

သောရ်ရဌာန်မင်းသား ရုတ်တရက်ပျောက်ဆုံးသွားပြီးသည့်နောက်တွင် လုံခြုံစွာသိမ်းဆည်းထားသောမှော်စာအုပ်ပါ ထူးဆန်းစွာနှင့်အလိုအလျောက်ပျောက်ဆုံးသွားသည့်အခါ သူ၏အသက်အန္တရာယ်အတွက် အလွန်အမင်းစိုးရိမ်သောကရောက်သွားရသည်။

"မင်းသားဟာဒုက္ခိတတစ်ယောက်ဖြစ်နေပြီ ဒါ့အပြင်မြေအောက်ခန်းမှာအစောင့်တွေနဲ့ လုံခြုံစွာပိတ်လှောင်ထားခဲ့တာ ဘယ်လိုလုပ်များထွက်ပြေးနိုင်ပါလိမ့် ပြင်ပအကူအညီပါခဲ့ရင်တောင် လွတ်မြောက်ဖို့မလွယ်ဘူး ပြီးတော့ ငါ၏အနီး၌လုံခြုံစွာထားရှိခဲ့တဲ့ မှော်စာအုပ်သည်လည်း ပျောက်ချင်းမလှပျောက်ကွယ်သွားသည်မှာ ထူးဆန်းလှသည် ဤအကြောင်းအရာတို့သည် မရိုးစင်းနိုင်"

ထိုသို့အတွေးများဖြင့် ကုရ်မာသည်၎င်း၏ဆရာဖြစ်သလို ကိုးကွယ်ယုံကြည်ရသော နတ်ဆရာကြီးထံသို့ အပူတပင်ရောက်သွားတော့သည်။

"နတ်ဆရာကြီး မင်းသားပျောက်ကွယ်သွားခြင်းနှင့်အတူ မှော်စာအုပ်ပါပျောက်ဆုံးသွားသည်မှာ သာမာန်အကြောင်းတိုက်ဆိုင်မှုမဖြစ်တန်ရာပါ မင်းသားသည်ကျွန်ုပ်အပေါ်၌များစွာ အငြိုးအတေးရှိချေသည် အကယ်၍မှော်စာအုပ်ကို မင်းသားယူဆောင်သွားခဲ့လျှင် ကျွန်ုပ်အတွက်များစွာအန္တရာယ်ရှိသည် ထို့ကြောင့် အသင်နတ်ဆရာကြီး ကျွန်ုပ်အသက်အန္တရာယ်ကိုကာကွယ်ရန်အတွက် ယခုချက်ချင်းပင်တစ်စုံတစ်ရာစီမံပေးချေလော့ "

ကုရ်မာစကားကြောင့်နတ်ဆရာကြီးသည် အလေးအနက်တွေးတောပြီးနောက် ဤသို့မိန့်ဆိုလိုက်သည်။

"မှော်စာအုပ်၌တည်ရှိသော မှော်အစွမ်းတို့ကာ ကြီးမားလွန်းလှသည် ထိုအစွမ်းတို့ကို တားဆီးရင်ဆိုင်နိုင်ရန် တစ်ခုတည်းသောနည်းလမ်းသာရှိသည် ထိုအရာကိုသင်ကိုယ်တိုင်လုပ်ဆောင်မှရမည် ခေါင်းဆောင်ကုရ်မာ "

"အဘယ်ကဲ့သို့သောနည်းလမ်းရှိပါသနည်း ကျွန်ုပ်အသက်ကိုကာကွယ်နိုင်ပါက မည်သည့်နည်းလမ်းမဆို ကျွန်ုပ်လုပ်ဆောင်မည်"

မှော် (ေမွာ္)Where stories live. Discover now