Season-7 Ep(5)

523 26 1
                                    

Unicode

~~မှော်~~
(Season-7)
အပိုင်း(၅)

ဝံပုလွေမာန်ဖီသံနှင့်အော်သံနက်ကြီးကြောင့် ဦးအဂ္ဂအတွက်စိုးရိမ်ပြီး နေခနှင့်ခါရာ အသံကြားရာသို့ ပြေးထွက်လာခဲ့သည်။ ထို့နောက် မြက်ရိုင်းတောစပ်တွင် သူတို့တွေ့လိုက်ရသည်က သွေးကွက်အချို့။ ခါရာမျက်နှာပျက်သွားပြီး

"ဦးအဂ္ဂ.. ဒုက္ခရောက်ပြီထင်တယ်"

သို့နှင့်သွေးစက်တွေကျနေသည့် လမ်းကြောင်းအတိုင်း ပြေးလွှားကြည့်စဉ်မှာတော့...

"ဟင်..."

ရိပ်ခနဲ့ပြေးသွားသောအရိပ်တစ်ခု။ ထို့အတူ သစ်ပင်ကိုမှီလျက်သားထိုင်နေသည့်ဦးအဂ္ဂ။ ဒဏ်ရာအနာရှိန်ကြောင့်ဦးအဂ္ဂက မှိန်းနေပုံရသည်။ နေခ ဦးအဂ္ဂရှိရာသို့ စိုးရိမ်တကြီးပြေးသွားစဉ်မှာပင် ခါရာကဦးအဂ္ဂဒဏ်ရာကို စည်းပေးထားသည့်ပဝါဖြူကို မြင်တော့ မျက်နှာအရိပ်တစ်မျိုးပြေးသွား၏။ ထို့နောက် ထိုအရိပ်ဖြူထွက်သွားရာနောက်သို့ လိုက်သွားရာ..

"ခါရာခင်ဗျားဘယ်သွားမလို့လဲ"

သူ့အမေးကိုဖြေမသွားခဲ့ပါ။ နေခအံ့သြနေရာမှ သက်ပြင်းသာချလိုက်ပြီး ဦးအဂ္ဂအခြေအနေကို အကဲခတ်ကြည့်ရင်း

"ခင်ဗျားအဆင်ပြေရဲ့လား ဦးအဂ္ဂဘယ်နားထိခိုက်သွားသေးလဲ"

"ကျုပ်ကိုအဖြူရောင်မိန်းကလေးကယ်ခဲ့တာ"

ခုနအဖြူရောင်အရိပ်ကိုဖျပ်ခနဲ့ လှမ်းမြင်လိုက်ကတည်းက သူမဦးအဂ္ဂကို ကယ်တင်လိုက်တာဖြစ်မည်ဟု သူတွေးမိပြီးသားဖြစ်သည်မို့ မအံ့သြမိတော့ပါ။

"ကျုပ်ဒဏ်ရာကိုလည်း သူကုပေးသွားတယ် အခုနေရခက်ပေမဲ့ အဆင်ပြေသွားမှာပါ"

"တော်သေးတာပေါ့ မဟုတ်ရင်ခင်ဗျားမလွယ်ဘူး ဦးအဂ္ဂ ကဲ...  လာ ကျွန်တော်ခင်ဗျားကို တွဲထူသွားပေးမယ် ဒီနေရာကမလုံခြုံဘူး"

ဦးအဂ္ဂက သူ့လက်ကိုအားပြုပြီးရပ်လိုက်သည်။ ထို့နောက်ဘေးဘီဝဲကိုကြည့်လိုက်ရင်း

"ခါရာရော...သူပါလာတယ်မဟုတ်လား ကျုပ်သူ့ကိုမြင်လိုက်ပါတယ်"

မှော် (ေမွာ္)Where stories live. Discover now