Season-3 Ep(7)

719 42 1
                                    

Unicode

~~မှော်~~
(Season-3)
အပိုင်း(၇)

"နာရီရယ် ငါ့ကိုကောင်းကောင်းမွန်မွန် ပေးစီးလို့ မရဘူးလားဟင်"

ခဏခဏကန်ချခံရသဖြင့် မြူစိတ်ပျက်စွာ ညည်းညူလိုက်မိ၏။ နာရီကာဂျစ်ကန်ကန်နှင့် သူမကိုအပေါ်အတက်မခံဘဲ ပေကပ်နေဆဲ။

ထို့ကြောင့်မြူ့မှာမြင်းမစီးရဘဲ မြင်းကိုကြိုးနှင့် သာဆွဲပြီးခြေထောက်အားကိုးနှင့် လျှောက်နေရ သည်မှာ အတော်ပင်ပန်းနေပြီဖြစ်သည်

နှင်းမှုန်များဖုံးလွှမ်းနေသည့်တောအုပ်ကြီးတွင် ခြေထောက်တွေထုံကျင်အေးစက်လာသည်အထိလမ်းလျှောက်နေရ၏။ သို့သော် သူကတော့ မြူ့ကိုယောင်၍ပင်မကြည့်ဘဲ ရှေ့သို့ သက်တောင့်သက်သာနှင့်သွားနေဆဲ။

မြူသည်အတော်ပင်ပန်းလာသည့်အခါ..

"မြူတို့ခဏနားလို့မရဘူးလားဟင် မြူမလျှောက်နိုင်တော့လို့ပါ.."

"မင်းကိုမြင်းပေးထားတာပဲ မင်းဘာသာ လမ်းလျှောက်ပြီးညောင်းနေတာကို ငါလည်း မတတ်နိုင်ဘူး "

"မြူ သေချာမစီးတတ်သေးလို့ပါ "

"ဒါမင်းကိစ္စလေ ဒီမှာနားချင်ရင် မင်းကျန်ရစ်နေခဲ့လိုက် ငါကတော့ဆက်သွားမယ် အော်.. တစ်ခုတော့သတိပေးမယ် ဒီမှာဝံပုလွေတွေပေါတယ် ညမှောင်ရင် သူတို့အုပ်စုလိုက်အမဲလိုက်တတ်တယ်"

ထိုသို့ပြောပြီးသူကာဆက်သွားနေတော့ မြူ့မှာ ကျောချမ်းလာပြီး မရပ်နားရဲတော့ပေ။ အလင်းရောင်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့်အချိန် မှိုင်းညှို့နေသည့်တောအုပ်ထဲတွင် တစ်ယောက်တည်းနေရစ်ရဲသည်အထိ မြူသတ္တိမရှိပါ။

ထို့ကြောင့်နာရီကိုပဲချော့မော့လိုက်ပြီး..

"ဒီတစ်ခါပဲ ငါ့ကိုကောင်းကောင်းပေးစီးပါနော် ငါတောင်းပန်တယ်သိလား.."

နာရီကာသူမစကားကိုနားလည်သည်လား။ ဒါမှမဟုတ် စိတ်ကောင်းဝင်နေ၍လားမသိပါ။ ဒီတစ်ခါတော့ ခါမချတော့သဖြင့် တော်သေးသည်ဟု ဆိုရမည်။ ထို့နောက် ရှေ့သို့လှည့်မကြည့်စတမ်းသွားနေသော မှော်မင်းသားနောက်ကို မြူ့ခမျာမီအောင် မနည်းလိုက်နေရသည်။

မှော် (ေမွာ္)Where stories live. Discover now