Season- Ep(6)

624 35 1
                                    

Unicode

~~မှော်~~
(Season-4)
အပိုင်း(၆)

"အေးလိုက်တာ.. "

ရင်ခွင်ထဲမှ ယုန်ဖြူလေးကိုပွတ်သပ်ရင်း သူမခပ်တိုးတိုးညည်းဆိုလိုက်သည်။ ထို့နောက် နှင်းမှုန်တို့ကို လက်ဖြင့်ခံယူရင်း တွေးလိုက်မိ၏။

ပတ်ဝန်းကျင်တစ်ခွင်လုံး မိုးရွာချသကဲ့သို့
နှင်းမှုန်တွေတဖွဲဖွဲကျနေမည်လား။ ဖွေးဖွေးလှုပ်နေသည့်နှင်းပုံတို့ကြား မှော်ရဲတိုက်ကြီးဟာ အဘယ်မျှ လှပနေမည်နည်း။

ဒီနေ့နှင်းတွေ ယခင်နေ့တွေထက် ပိုသည်းနေမည် ထင်သည်။ သူမ မမြင်တွေ့ရသည့်တိုင် အေးစိမ့်လွန်းသည့်အငွေ့အသက်တွေကို ခံစားမိနေသည်။

တစ်ရက်ထက်တစ်ရက်ဆထက်တိုး၍ အေးလာသည်မှာ ဗဒ္ဒရီပြောသကဲ့သို့ နှင်းတောင်တန်း၏အအေးဆုံးကာလသို့ တဖြည်းဖြည်းရောက်လာ၍ဖြစ်မည်။ ဝမ်းနည်းစရာကောင်းသည်က အေးစိမ့်လွန်းသော အအေးဒဏ်ကို ခံစားနေရသည်မှာလွဲ၍ ပတ်ဝန်းကျင်တစ်ခွင် ဖွေးဖွေးလှုပ်နေမည့် နှင်းမှုန်စက်တို့ကို သူမမြင်တွေ့နိုင်ခြင်း မရှိတော့ပါ။

မည်သို့ပင်ဖြစ်စေ မြူထွေထွေထူးထူး စိတ်ထိခိုက် မနေတော့ပါ။ စိတ်ပင်ပန်းရုံမှလွဲ၍ ဒီမျက်ဝန်းတွေက ပြန်မြင်နိုင်တော့မည်မှ မဟုတ်တာ။

အမှောင်ထုတွေနှင့် မြူဟာနေသားကျသင့် သလောက် နေသားကျနေပြီဖြစ်သည်။ ယုန်ကလေးကို ပွတ်သပ်ပေးရင်းတောင်စဉ်မရ တွေးတောနေမိစဉ်...

"အယ်... "

ရုတ်တရက်ယုန်လေးက သူမရင်ခွင်ထဲတွင် ထွက်ပြေးသွားသဖြင့် မြူစိုးရိမ်တကြီးနှင့်..

"ဒီကလေးတော့ ဘယ်တွေလျှောက်သွားနေသလဲ ဒီလောက်အေးနေတာကို လာလာပြန်လာခဲ့နော်"

အတန်ကြာသည်အထိ ဘာအသံမှမကြားရတော့ မြူစိတ်မသက်သာစွာ သက်ပြင်းချလိုက်မိသည်။ အအေးပိုင်းဒေသတွင် ရှင်သန်သည့် ဒီလိုယုန်မျိုးက အအေးဒဏ်ခံနိုင်သည့်တိုင် ဒီလောက်အေးစိမ့်နေသည့်အခါမျိုးတွင်တော့ ခံနိုင်ရည်ရှိပါမည်လား။

မြူတစ်ယောက်အတွေးတွေနှင့် ပူပင်နေမိခိုက်

"ဟင်... "

မှော် (ေမွာ္)Where stories live. Discover now