Season-8 Ep (15)

452 38 0
                                    

Unicode

~~မှော်~~
(Season-8)
အပိုင်း(၁၅)

"ရှင်ဘယ်လိုလုပ်ဒီရောက်နေသလဲ"

သုန္နရီသာသည် သတိဝင်လာသည်နှင့် ချက်ချင်းသူ့ကိုတွန်းလွတ်ပြီးဆိုလိုက်သည်။ နေခကတော့ လှပလွန်းသော သူမမျက်နှာလေးကို ငေးစိုက်ကြည့်နေမိပြီးမှ

"လမ်းလျှောက်လာရင်းနဲ့ မင်းကိုလှမ်းတွေ့လိုက်လို့ ဒီဘက်ကိုကူးလာခဲ့တာပဲ"

တကယ်လည်းပျင်းပျင်းနှင့် လမ်းလျှောက်ထွက်လာစဉ် တစ်ဖက်ပန်းခြံငယ်တစ်ခုတွင် ရပ်ငေးနေသောသုန္နရီသာကိုလှမ်းမြင်လိုက်ရ၍ နေခမှာ မရမကရောက်အောင်လာခဲ့ခြင်းပင်။

သူကသာဝမ်းသာအားရဆိုလိုက်သော်လည်း သုန္နရီသာကာ အလိုမကျဟန်နှင့်

"ဧည့်သည်တွေကို ဧည့်ဆောင်ကလွဲပြီး ဘယ်မှသွားလာခွင့်မရှိဘူးဆိုတာ အမှုထမ်းသီဟမပြောခဲ့ဘူးလာ"

"ပြောခဲ့ပါတယ်.."

"ဒါဖြင့် ရှင်ဘာဖြစ်လို့ဒီဘက်အထိ ကျူးကျော်လာခဲ့ရသလဲ ရှင်အပြစ်ဒဏ်သင့်မှာ မကြောက်ဘူးလာ နေခရှိုင်း"

"မင်းတကယ်ပဲ ငါနဲ့ဆုံတွေ့ခဲ့တဲ့မိန်းကလေးကို"

သူ့နာမည်ကိုလွတ်ခနဲ့ထုတ်ပြောမိသဖြင့် နေခကကျေနပ်သွားသည်။ ရီသာက သူ့စကားကို မသိကျွမ်းပြုပြီး

"နန်းဆောင်တော်ရဲ့ စည်းမျဉ်းဥပဒေကို ရှင်လေးစားသင့်တယ် ဧည့်သည်ကဧည့်သည်လိုနေပါ မသက်ဆိုင်တဲ့နေရာတွေမှာ ရှင်ရှိမနေသင့်ဘူး"

"မင်းမျက်နှာက လှပါရက်နဲ့ ဘာလို့တစ်ချိန်လုံးဖုံးထားရသလဲ.."

သူမပြောနေသည်ကို ဂရုမစိုက်ဘဲ သူပြောလိုသည့်အရာများကိုသာ ပြောနေသည့်နေခကြောင့် ရီသာစိတ်တိုချင်လာသည်။ ထို့ပြင် လူကိုလည်းအားမနာတမ်းစေ့စေ့ကြည့်နေသဖြင့် ရှက်လည်းရှက်လာကာ

"ဒီမှာ ရှင့်ကိုပြောနေတယ် နန်းဆောင်တော်ရဲ့ အရှင်မအနေနဲ့ စကားပြောနေတယ် လေးစားမှုရှိပါ နေခရှိုင်း"

"ကြီးကျယ်လိုက်တာ..."

ပုခုံးကိုတစ်ချက်တွန့်ပြီး ဖြေဟန်က တကယ်ကိုရိုက်ပေါက်။ ရီသာသူ့ကိုမျက်စောင်းထိုးလိုက်မိရင်း

မှော် (ေမွာ္)Where stories live. Discover now