Season-6 Ep(11)

567 24 1
                                    

Unicode

~~မှော်~~
(Season-6)
အပိုင်း(၁၁)

"ဒါဘာတောလဲဟင်... လှလိုက်တာ"

တစ်တောလုံးအပြာရောင်ပန်းတွေဖုံးလွှမ်းနေသည့်တောကိုငေးမောကြည့်ရင်း ရွက်နုကအံ့ဩသင့်စွာ ရေရွတ်လိုက်သည်။ ရွက်နုလို အနုအရွကြိုက်သည့်မိန်းကလေး မှင်သက်အံ့သြမည်ဆိုလည်းမှင်သက်စရာပင်။ ဟန်ကဲ့သို့သော ယောင်္ကျားအတွက်ပင် ဤအပြာရောင်တောကာ စွဲမက်ဖွယ်ကောင်းအောင်လှ၏။

အရွက်တွေကအစ အပြာရောင်သန်းနေသည့်သစ်ပင်တွေ၊ နေရာအနှံ့အုပ်ဆိုင်းနေသည့် အပြာရောင်ပွင့်ဖတ်တွေနှင့်ပန်းပင်ကြီးတွေ၊ လေတိုက်လိုက်တိုင်းတဖြုတ်ဖြုတ်ကြွေကျနေသည့်အပြာရောင်ပန်းဖူးလေးတွေက တစ်တောလုံးကိုဖြန့်ကျဲထားသကဲ့သို့ပင်။ မြေပြင်တစ်ခုလုံးအပြာရောင်ပန်းများဖြင့် ဖုံးလွှမ်းလှုပ်ခတ်နေသည်မှာ နင်းရက်စရာပင် မရှိပါ။ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းသော ပန်းရံ့နံ့များကလည်း စိတ်ကိုညှို့ငင်ဖမ်းစားနေပြန်၏။

"ဒါ အပြာရောင်ဝိညာဉ်တောပဲ"

တစ်တောလုံးကိုအကဲခတ်ကြည့်ရင်း ကိုမင်းခေါင်ကဆိုလိုက်တော့ သူတို့နှစ်ယောက်အကြည့်က ကိုမင်းခေါင်ထံ ရောက်သွားသည်။ ကိုမင်းခေါင်က..

"ငါ့ဆရာပြောပြဖူးတာကိုသတိရလိုက်တော့ ဒီတောဖြစ်မယ်လို့တွေးလိုက်တာပါ"

"အပြာရောင်ဝိညာဉ်တောဟုတ်လား နာမည်ကလည်းတစ်မျိုးပဲနော် စိတ်ချောက်ချားစရာကြီး"

ရွက်နုစကားကြောင့် ကိုမင်းခေါင် ခေါင်းညိတ်လိုက်ပြီး

"အင်း.. အစ်ကိုသိခဲ့ရသလောက်ဆို တောကလှသလိုပဲသွေးပျက်ဖို့လည်းကောင်းတယ် ဝိညာဉ်တွေကူးလူးသွားလာနေတဲ့နေရာမို့ အပြာရောင်ဝိညာဉ်တောလို့ခေါ်ခဲ့တာတဲ့"

"ဟင်..."

ရွက်နုမျက်နှာလေးပျက်ကျသွားသည်။ ဟန်ကစိတ်ဝင်စားစွာပင်

"ဝိညာဉ်တွေကူးလူးသွားလာနေတယ်ဟုတ်လား ဒါဘာအဓိပ္ပါယ်လဲဗျ "

ကိုမင်းခေါင်က ချက်ချင်းမဖြေသေး။ အထုပ်အပိုးတွေကို သစ်ပင်တစ်ပင်အောက်တွင်ချထားပြီး အနားယူလိုက်သည်။ သူတို့လည်း ထိုသစ်ပင်အောက်တွင်ပင် ကိုယ်စီထိုင်ချလိုက်၏။ ပြီးနောက်

မှော် (ေမွာ္)Where stories live. Discover now