Season-7 Ep(1)

597 26 3
                                    

Unicode

~~မှော်~~
(Season-7)
အပိုင်း(၁)

"သား.... "

ရင်ထဲထိတိုင်ရင်းနှီးနေသည့်ခေါ်သံကြောင့် သူမျက်လုံးကိုဖွင့်လိုက်သည်။ မပီဝိုးတဝါးဖြစ်နေသောပုံရိပ်မှ တဖြည်းဖြည်းကြည်လင်လာသည်က

"ဒယ်ဒီ"

ဟုတ်ပါသည်. မမြင်တွေ့ရသည်မှာ ကြာညောင်းနေပြီဖြစ်သော ဒယ်ဒီ။ ညှိုးငယ်သောအပြုံးတို့နှင့်

"နေခ... သားဘယ်ရောက်နေသလဲ ဒယ်ဒီသားကိုလိုက်ရှာနေတယ်"

"ကျွန်တော်...."

"ဒယ်ဒီ့အမှားတွေအတွက် သားကို တောင်းပန်ပါတယ် ဒယ်ဒီဆီပြန်လာခဲ့ပါနော် သားကိုဒယ်ဒီသိပ်သတိရနေတယ် ဒယ်ဒီနေမကောင်းဘူးသားရယ်"

"ဒါပေမဲ့..."

"ရိုစီကြောင့်လား စိတ်မပူပါနဲ့ ဒယ်ဒီသူနဲ့ကွာရှင်းတော့မှာပါ သားစကားကိုနားမထောင်မိလို့ စိတ်ရောလူပါ ပင်ပန်းဆင်းရဲခဲ့ရတယ် ဒယ်ဒီအခုတကယ်နောင်တရပါပြီ ဒါကြောင့် ဒယ်ဒီနဲ့ပြန်လာနေနော် ဒယ်ဒီသားကိုလိုအပ်တယ်"

ဒယ်ဒီစကားကြားတော့ သူဝမ်းသာသွားရသည်။ ညှိုးနွမ်းနေသောဒယ်ဒီ့မျက်နှာကို မြင်တွေ့ရတော့ ရင်ထဲမကောင်းဖြစ်ရပြန်၏။ ဟိုမိန်းမယုတ်ကြောင့် ဒီကာလတွေမှာ ဒယ်ဒီဘယ်လောက်တောင်ပင်ပန်းဆင်းရဲခဲ့ရမှာလဲ။ သို့သော် နေခသက်ပြင်းသာချလိုက်ရင်း

"ကျွန်တော်ပြန်လာလို့မရဘူးဒယ်ဒီ"

"ဘာဖြစ်လို့လဲ ဒယ်ဒီ့ကို အခုထိစိတ်ဆိုးနေတုန်းပဲလား သားရယ်"

"မဟုတ်ဘူးဒယ်ဒီ ကျွန်တော်ဒယ်ဒီနဲ့ အရမ်းကိုဝေးတဲ့နေရာမှာရောက်နေတယ် အခုအိမ်ပြန်လာဖို့မဖြစ်နိုင်သေးလို့ပါဗျာ"

သူ့စကားကြောင့်ဒယ်ဒီကထူးဆန်းစွာ ပြုံးလိုက်ပြီး

"သားပြန်ချင်ရင်ပြန်လို့ရပါတယ် ဒယ်ဒီ့လက်ကိုသာကိုင်လိုက်ပါ"

"ဗျာ"

"ဒယ်ဒီ့လက်ကိုယုံယုံကြည်ကြည်နဲ့ဆုပ်ကိုင်လိုက်ပါသား ဒယ်ဒီသားကိုအိမ်ပြန်ခေါ်သွားမယ်"

မှော် (ေမွာ္)Where stories live. Discover now