Ep(6)

1.2K 68 0
                                    

Unicode

~~မှော်~~
(Season-1)
အပိုင်း(၆)

"သမီးပျောက်သွားတာမှန်တယ် ဒါပေမဲ့ဦးတို့အနေနဲ့ လူပျောက်ကြော်ငြာထည့်မှာ မဟုတ်သလို ရဲစခန်းကိုလည်း အကြောင်းကြားမှာ မဟုတ်ဘူး ဒါတွေမလိုအပ်ပါဘူးလေ"

ဦးမင်းသိင်္ဃာစကားကြောင့် သူတို့မယုံကြည်နိုင်အောင် အံ့သြသွားမိသည်။ သမီးတစ်ယောက်လုံး ပျောက်သွားတာတောင် ဦးမင်းသိင်္ဃာကဒီအတိုင်းပဲနေမည်တဲ့လား။

အနည်းဆုံးတော့ လူပျောက်တိုင်ပြီး စုံစမ်းရှာဖွေရမည်မဟုတ်လား။ အခုတော့..

"မဟုတ်သေးပါဘူးဦးရယ် အခုမြူက နေရင်းထိုင်ရင်း ရုတ်တရက်ပျောက်သွားခဲ့တာ ကျွန်တော်တို့ တစ်ခုခုလုပ်သင့်တယ် ဦးဖက်က ဘာမှမလုပ်ရင် ကျွန်တော်လူပျောက်သွားတိုင်မယ် ကျွန်တော်သူ့အတွက်အရမ်းစိတ်ပူနေတယ် သူအန္တရာယ်တစ်ခုခုတွေ့နေရင် ဘယ်လိုလုပ်မလဲဗျာ.."

"မောင်နိူင်းသင်္ခါ ဦးကအဖေတစ်ယောက်ပါ မောင်ရင်စိတ်ပူတာထက် အများကြီးပိုတယ် "

"ဒါပေမဲ့..."

"မင်းပြောသလိုလူပျောက်တိုင်လို့ ပြန်တွေ့မယ်ဆိုရင် အစောကြီးကတည်းကဦးစီစဉ်ပြီးနေပြီ မင်းမသိတဲ့အကြောင်းအရာတွေအများကြီးပါ အခုဘာပဲလုပ်လုပ် သမီးကိုပြန်ရမှာမဟုတ်ဘူး ဘာမှမထူးတော့ပါဘူးကွာ "

ဦးမင်းသိင်္ဃာအသံသည် တဖြည်းဖြည်းတိမ်ဝင်သွား၏။ မျက်မှန်အောက်မှာ စိုစွတ်နေသော မျက်ဝန်းတို့ကိုမြင်တော့ သူတို့စိတ်မကောင်းဖြစ်မိသည်။ သို့သော် ဦးမင်းသိင်္ဃာစကားကိုတော့ ဘယ်လိုမှနားမလည်နိုင်တော့ပါ။

"ဘာအကြောင်းအရာတွေရှိခဲ့လို့ မြူ့ကိုပြန်မတွေ့ရတော့ဘူးလို့ ဦးအတပ်ပြောရသလဲဟင် ရွက်နုတို့လည်း မြူ့ကိုမတွေ့မချင်း အစွမ်းကုန်ရှာမှာပါ အခုလိုမျိုးလွယ်လွယ်လက်လျော့တာက မဖြစ်သင့်ဘူးထင်တယ်နော် ဟို.. ဦးတို့ခံစားချက်ကို နားလည်ပါတယ် ဒါပေမဲ့မြူ့ကိုဒီလိုကြီး လက်လျှော့ပစ်ဖို့ကျတော့ ရွက်နုတို့သူငယ်ချင်းတွေအနေနဲ့ ဘယ်လိုမှလက်မခံနိုင်လို့ပါ"

မှော် (ေမွာ္)Where stories live. Discover now