Ep(12)

1K 62 0
                                    

Unicode

~~မှော်~~
(Season-1)
အပိုင်း(၁၂)

"ဒီမြေပုံက သက်တမ်းအားဖြင့် နှစ်နှစ်ရာဝန်းကျင်လောက်ရှိလိမ့်မယ် ဒါပင်မဲ့မြေပုံမှာရေးမှတ်ထားတဲ့ သင်္ကေတကဒီထက်အများကြီး ပိုရှေးကျလွန်းနေတယ် ပြီးတော့ဒီအမှတ်အသားတွေက လျှို့ဝှက်လွန်းပြီး သိပ်ဆန်းကြယ်နေတယ် တချို့အမှတ်တွေဆိုရင် အဘကိုယ်တိုင် နားလည်ရခက်စေတယ် "

မြေပုံကို စိတ်ဝင်တစားစိုက်ကြည့်နေရင်းနှင့် အသက်၆ဝရှိနေပြီဖြစ်သည့်အဘခွန်းက မျက်မှောင်ကျုံ့လျက် ဆိုလိုက်၏။ ရှေးဟောင်းပညာရပ်အမှတ်အသားဆိုင်ရာ အထူးသဖြင့်မြေပုံနှင့်သက်ဆိုင်သော သင်္ကေတပညာရပ်များကို နှစ်၄ဝကျော် လေ့လာလိုက်စားခဲ့သော အဘခွန်းလို ဆရာကြီးကိုပင် ဒီမြေပုံကရူပ်ထွေးစေသည်မှာ အံ့သြစရာပင်။

"သေချာတာကတော့ ဒီမြေပုံထဲမှာ မှော်ပညာရပ်ဆိုင်ရာ အမှတ်အသားတွေပါနေတယ် ဒါ သာမာန်ရှေးဟောင်းမြေပုံအညွှန်းတစ်ခုပဲ မဟုတ်ဘူး ထူးဆန်းပြီးရှေးကျလွန်းတဲ့ ဒီသင်္ကေတတွေဟာ တစ်ခုခုနဲ့ဆက်စပ်နေလိမ့်မယ်. "

"ဗျာ..."

သူတို့နားမလည်စွာ တအံ့တသြဖြစ်သွားတော့ အဘခွန်းက ခေါင်းတညိတ်ညိတ်နှင့်

"အဘအမှတ်မမှားဘူးဆိုရင် မြေပုံထဲက ဒီသင်္ကေတလေးတွေဟာ အရမ်းရှေးကျပြီး လျှိုဝှက်လွန်းတဲ့ မျိုးနွယ်စုတစ်စုရဲ့ အမှတ်အသားပဲ ပညာသည်လို့တင်စားထားပြီး ထူးဆန်းတဲ့ ရှေးအခါကမျိုးနွယ်စုရဲ့အကြောင်း ဖော်ပြထားတဲ့ ကျမ်းဂန်တစ်ခုမှာ ဒီအမှတ်အသားကိုအဘမြင်ဖူးတယ် ဘယ်လောက်ရှေးကျမယ်မှန်း မခန့်မှန်းနိုင်ပင်မဲ့ အနည်းဆုံးနှစ်၄၀ဝနဲ့၅ဝဝကြား ရှိလိမ့်မယ်ထင်တယ် ဒီမြေပုံထဲကသင်္ကေတအညွှန်းတွေကို အဲ့ဒီမျိုးနွယ်စုကပဲ ဖန်တီးပြီးအသုံးပြုခဲ့တယ်လို့ ပြောကြတယ် ပြီးတော့သူတို့တွေဟာ မှော်အတတ်ပညာ တစ်နည်းအားဖြင့် စုန်းကဝေပညာရပ်တွေမှာ တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်ကျွမ်းကျင်ကြတယ်လို့ အဘဖတ်ဖူးတယ် ဒီအမှတ်အသားဟာလည်း အဲ့ဒီ့ပညာရပ်ကို ကိုယ်စားပြုတယ်"

မှော် (ေမွာ္)Where stories live. Discover now