Ep(10)

1K 67 0
                                    

Unicode

~~မှော်~~
(Season-1)
အပိုင်း(၁ဝ)

လွန်ခဲ့သောနှစ်လေးဆယ်ဝန်းကျင်က ဖြစ်ရပ်တစ်ခုသည် မယုံကြည်ဖွယ်ကောင်းအောင် ဆန်းကြယ်လွန်းလှ၏။

ထိုသို့ လျှိုဝှက်ဆန်းကြယ်ခြင်းနှင့်အတူ သွေးပျက်ဖွယ်အကြောက်တရားများ၊ နာကျင်ဖွယ် ဖြစ်ရပ်များ၊ခါးသီးဖွယ်လောဘမောဟတို့ကာ စက်ဆုပ်ဖွယ်အတိနှင့် ဝမ်းနည်းမှုများလည်း ကိန်းဝှပ်နေခဲ့ပြန်သည်။ ထို့ကြောင့် ဤပုံပြင်ဆန်ဆန်ဇာတ်လမ်းလေးအပြီးတွင် သူတို့တွေ ဘာစကားမှမဆိုနိုင်အောင် မှင်သက်နေခဲ့မိသည်။ အချိန်အတော် ကြာသွားမည်ထင်သည်။

ဦးမင်းသိင်္ဃာကတော့ သူကိုယ်တိုင်ပါဝင်ခဲ့ဖူးသည့် ခါးသက်သောအတိတ်ကို ပြန်ပြောရင်း နာကျင်လာဟန်တူသည်။ မချိမရိပြုံးလိုက်ရင်းနှင့်

"မှော်က ဦးဘဝမှာ တန်ဖိုးထားတဲ့အရာမှန်သမျှကို ဖျက်ဆီးယူဆောင်သွားပစ်ပြီလေ ဘာများတတ်နိုင်တော့မှာလဲ တစ်သက်လုံး နာနာကျင်ကျင်နဲ့ အဆုံးသတ်ဖို့ပဲကျန်တယ် သူ့ကျိန်စာတွေအောက်မှာ ဒီထပ်ဆုံးရူံးဖို့လည်း မကျန်တော့ပါဘူး"

"ကျွန်တော်တို့ဘယ်လိုမှ ဒါကိုပြုပြင်လို့မရတော့ဘူးလားခင်ဗျာ"

ဟန်က စိတ်ဝင်စားစွာမေးလိုက်သည်။ နိူင်းက စိတ်ပင်ပန်းနေ၍လား။ ဝမ်းနည်းနေ၍လားမသိ ခေါင်းငိုက်နေသည်။ နေခကတော့ ငြိမ်သက်နေဆဲ။

"ကျိန်စာကိုပြုပြင်ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး ငါ့တူ သမီးကိုပြန်ခေါ်ဖို့က မှော်မင်းသားကိုယ်တောင် လွတ်ပေးရင်တောင် မှော်ကျိန်စာတွေက သူ့ကိုချည်သွားခဲ့ပြီ ကျိန်စာကိုဖြည်ဖို့ တကယ်မလွယ်ဘူး"

"မှော်စာအုပ်ကိုရှာပြီးဖျက်ဆီးပစ်မယ်ဆိုရင်ရောဗျာ"

"ဖျက်ဆီးမဲ့နည်းလမ်းသိဖို့လိုတယ် ပြီးတော့ ကျိန်စာမဖြည်ဘဲဖျက်ဆီးလိုက်ရင် မှော်မင်းသားနဲ့ကျိန်စာက ပျက်သွားမှာမဟုတ်ဘူး သမီးလေး မြူနဲ့အတူ ပျောက်သွားတဲ့မိန်းကလေးတွေအားလုံးပဲ ထာဝရပျောက်ကွယ်သွားလိမ့်မယ် သူတို့တကယ်ရှိတော့မှာ မဟုတ်ဘူး"

မှော် (ေမွာ္)Where stories live. Discover now