Season-7 Ep(8)

571 29 3
                                    

Unicode

~~မှော်~~
(Season-7)
အပိုင်း(၈)

"မင်းသား သုံးဆောင်ပါဦးရှင်"

အသံလေးက ချိုမြမြနှင့်ရင်အေးချင်စရာ။ ကုပ်ဝဲသာသာဆံနွယ်တွေကြားမှ မျက်နှာဖူးဖူးလေးဟာလည်းချစ်စဖွယ်အတိ။

သို့သော် သူဟာဘာကိုအလိုမကျဖြစ်မှန်းမသိ။ မျက်မှောင်ကုပ်လျက် ထိုမျက်နှာလေးကို ခပ်စူးစူးကြည့်လိုက်ပြီး

"မင်းထွက်သွားတော့... "

"ရှင်..."

ချက်ချင်းနှင်ထုတ်လိုက်၍ထင်သည်။ သူမမျက်နှာကပြိုတော့မည့်မိုးနှယ်အုံ့မှိုင်းသွားရင်း

"ဒါပေမဲ့ ပဝါမင်းသားကို ပြုစုပေးရဦးမယ်လေ"

"မင်းနားလေးနေတာလား ရွှေပဝါ"

သူ့အသံကတင်းမာသွား၍ ထင်သည်။ ရွှေပဝါဆိုသောမိန်းကလေး မျက်နှာလေးပျက်လျက် နောက်သို့ ဆုတ်သွားသည်။ သို့သော်ထွက်သွားသည်မဟုတ်။ အစားအသောက်တို့ကို မထိမတို့ဘဲ အလိုမကျဟန်ဖြင့် ထိုင်နေသောမင်းသားကို လှမ်းငေးကြည့်နေ၏။ သူမမျက်ဝန်းတို့က တပ်မက်ခြင်းများစွာနှင့်။

မည်မျှသွေးအေးကာ ရက်စက်နေပါစေဦး။ ဤမျှ ချောမောသန့်စင်သောမင်းသားတစ်ပါးရှေ့မှာ ရွှေပဝါဟာ ဒူးထောက်ခစားဖို့ရန်အသင့်...။

ခပ်ငေးငေးစိုက်ကြည့်နေသောရွှေပဝါက သူ့ကိုစိတ်အနှောင့်အယှက်ပေးနေသည်ဟု သူထင်သည်။ တကယ်တော့ ဒီလိုငေးစိုက်ကြည့်ခြင်းခံရသည်က သူ့လိုမှော်မင်းသားအတွက် ဘာမှအထူးအဆန်းမဟုတ်ခဲ့ပါ။ သို့သော် အခုတော့ဘာကြောင့်မှန်းမသိ ဒေါသတွေက အလိုလိုထွက်လာသည်။

ဒီလိုမျိုးပဲ သူ့ကိုငေးစိုက်ကြည့်နေတတ်သည်မျက်ဝန်းတစ်စုံကိုသွားအမှတ်ရမိသည်။ မာနကြီးဟန်ဆောင်ထားသည့် ခပ်ချေချေနှုတ်ခမ်းတို့ပိုင်ဆိုင်ထားသော ထိုမိန်းကလေး။ သတိလက်လွတ်သည့်အခါတိုင်း သူမက ဤသို့ငေးမောကြည့်နေတတ်မြဲ..။

ထိုမိန်းကလေးငေးစိုက်ကြည့်နေခြင်းကို သူနှစ်လိုခဲ့ပြီး သူရှေ့ကရွှေပဝါဆိုသော မိန်းကလေးကိုတော့ စိတ်ပျက်မိသည်။ ထို့ကြောင့်...

မှော် (ေမွာ္)Where stories live. Discover now