Season-2 Ep(6)

864 48 0
                                    

Unicode

~~မှော်~~
(Season-2)
အပိုင်း(၆)

"နေခကိုတွေ့မိသေးလား"

နေခကိုမတွေ့သဖြင့် နိူင်းမေးလိုက်သည်။ ဟန်က အိပ်ရေးမဝဟန်ဖြင့်သန်းဝေနေရင်း

"ငါလည်းခုမှနိုးတာမသိဘူး အပြင်ထွက်သွားတယ် ထင်တယ်.."

"အင်း..ငါနိုးကတည်းကသူ့ကိုမတွေ့လို့ မေးကြည့်တာပါ "

နိူင်းကထိုမျှသာပြောပြီး အပြင်ကနေ ပြန်လာဟန်ရှိသောရွက်နုကိုလှမ်းကြည့်ရင်း

"ရွက်နုနင်ဘယ်လျှောက်သွားနေသလဲ မပြောမဆိုနဲ့"

"ငါ အစ်မဂါရီနဲ့အပြင်ခဏ လမ်းလျှောက်ထွက်တာပါဟာ နင်တို့ကိုကြည့်တော့ အိပ်နေတာနဲ့ မပြောဖြစ်တာပါ"

ဂါရီက လုဇုံမိန်းမပင်။ ဒီခရီးတွင်အမျိုးသမီး ၂ယောက်တည်းပါသည်မို့ အခုဆိုရွက်နုနှင့် အတော့်ကိုရင်းနှီးနေပြီဖြစ်သည်။ သူ သက်ပြင်းချလိုက်မိပြီး

"အေးပါ... ရုတ်တရက်နင့်ကိုမတွေ့တော့ စိတ်ပူစရာဖြစ်သွားတာပေါ့ အပျော်ခရီး မဟုတ်ဘူးလေ တစ်ခုခုဆိုငါတို့ကိုပြောသွားတာ ပိုကောင်းတယ် ဒါနဲ့နေခရောအပြင်မှာပဲလား"

"ဟင်...မတွေ့မိပါဘူး သူဒီမှာမရှိဘူးလား ငါကနင်တို့နဲ့ပဲထင်နေတာ "

ရွက်နုကအူကြောင်ကြောင်နှင့်ပင်ပြောလိုက်၏။ ကြည့်ရသည်မှာ သူမအပြင်မထွက်ခင်ကတည်းက နေခရှိသည် မရှိသည်ကို သတိထားမိဟန်မတူပေ။

"ငါနိုးကတည်းက သူမရှိဘူး အပြင်ထွက်ပြီး လျှောက်သွားနေတာပဲထင်တယ်"

"ဟုတ်မှာပါ မုဆိုးအဂ္ဂလမ်းကြောင်းကြည့်ဖို့ အပြင်ထွက်သွားတယ်လို့ အစ်မဂါရီ ပြောသံကြားတယ် သူပါသွားမယ်ထင်တယ် နေခက ဦးအဂ္ဂနဲ့သိပ်တည့်တာကို"

ရွက်နုကခပ်အေးအေးပင်ဆိုလိုက်သည်။ ရွက်နုစကားကလည်း သဘာဝကျသည်မို့ သူလည်း ဒီအတိုင်းသာထားလိုက်သည်။ သို့သော် ခဏအကြာတွင်တော့ မုဆိုးအဂ္ဂရောက်လာသည်။ နေခပါမလာခဲ့ပါ...။

"မောင်နေခက ကျုပ်နဲ့လိုက်မသွားပါဘူး"

ထိုအခါမှနေခပျောက်နေသည်ကို သူတို့သတိထားမိသည်။ အားလုံးစိတ်ပူသွားမိပြီး နေရာအနှံ့ရှာဖွေသော်လည်း အရိပ်အယောင်မျှပင် မတွေ့ပါ။

မှော် (ေမွာ္)Where stories live. Discover now