Season-5 Ep (12)

547 32 0
                                    

Unicode

~~မှော်~~
(Season-5)
အပိုင်း(၁၂)

"ဟင်... မင်း "

မြူခိုးတွေကဝေ့ဆိုင်းလွန်းနေသဖြင့် အာရုံတွေထွေပြားနေသော်လည်း သူမဆိုတာသေချာပါသည်။ ထုံးစံအတိုင်း မျက်နှာကိုဖုံးအုပ်ထားသည့်တိုင် လှပစူးရှသောမျက်ဝန်းတို့ကို သူကောင်းစွာမှတ်မိနေဆဲ။

"သုန်နရီသာ..."

"အရှေ့တည့်တည့်သွားရင် စမ်းချောင်းတစ်ခုတွေ့လိမ့်မယ် စမ်းချောင်းအတိုင်း စုန်ဆင်းသွားပါ အဝါရောင်ပန်းတွေပွင့်တဲ့နေရာရောက်ရင် လျှိုတစ်ခုရှိလိမ့်မယ် လျှိုကိုတွေ့အောင်ရှာပါ ပြီးရင်လျှိုအတိုင်းဆင်းသွားပါ "

"ခဏ မင်းဘာတွေပြောနေသလဲ ငါနားမလည်ဘူး ပြီးတော့ မင်း မင်းဘယ်လိုလုပ်ဒီရောက်လာသလဲ "

သူမကသူ့အမေးကိုမကြားသည်လား။ ဂရုမစိုက်သည်ပဲလား။ သူမပြောလိုသည်ကိုသာ ဆက်၍ပြောသွားသည်။

"လျှိုအောက်မှာကျောက်ဂူတွေရှိတယ် အစိမ်းရောင်ပြန်နေတဲ့ဂူထဲဝင်သွားလိုက်ပါ ဒါအမြန်ဆုံးသွားနိုင်တဲ့ဖြတ်လမ်းပဲ "

ပြောပြီး သူမကလှစ်ခနဲ့ပျောက်ကွယ်သွားရာ သူဘာမှပြောချိန်မရလိုက်ပါ။ သူမပျောက်ကွယ်သွားသည်နှင့် ဝေဝါးနေသည့်ပတ်ဝန်းကျင်သည် တဖြည်းဖြည်းကြည်လင်လာတော့၏။ ရှင်းလင်းသွားသည့်မြင်ကွင်းကိုကြည့်ပြီး သူအံ့သြမှင်သက်သွားရတော့သည်။

အိပ်မက်လား... တကယ်လား။ သူမသဲကွဲတော့ပါ။ သူမအမှန်တကယ်ရောက်လာသည်လား .. သူထင်ယောင်ထင်မှားဖြစ်နေသည်လား။ စိတ်တွေဝေဝါးရူပ်ထွေးနေစဉ်

"မောင်နေခ နိုးပြီလား ကျုပ်တို့ခရီးဆက်ကြရအောင် အလျင်လိုနေတော့ မနက်စာကိုလမ်းမှာတွေ့တဲ့အသီးတွေကိုပဲ ခူးပြီးစားကြတာပေါ့"

ဦးအဂ္ဂအသံကြားမှသူအသိဝင်လာပြီး

"ဦးအဂ္ဂ ခင်ဗျားတစ်ယောက်ယောက်ကို တွေ့လိုက်မိသေးလား "

"တောထဲမှာဘယ်ကလူရှိရမှာလဲ ကြည့်ရတာ မင်းအိပ်ရေးပျက်တာများနေလို့ မြင်ချင်ရာမြင်နေတာဖြစ်လိမ့်မယ်"

မှော် (ေမွာ္)Where stories live. Discover now