Season-3 Ep(12)

616 34 0
                                    

Unicode

~~မှော်~~
(Season-3)
အပိုင်း(၁၂)

"မြူ.... "

အလန့်တကြားအော်ဟစ်လိုက်ပြီး နိုးထလာတော့ သူ့တစ်ကိုယ်လုံးချွေးတွေစွဲနစ်လို့...။

ကမန်းကတမ်းရေသောက်လိုက်သည့်တိုင် အမောမပြေနိုင်သေး။ အတန်ကြာသည်အထိ စိတ်ကိုတည်ငြိမ်အောင် မနည်းထိန်းထား နေရသည်။ ချောက်ချားဖွယ်အိပ်မက်ဆိုးတို့ကို သူမြင်ယောင်နေမိဆဲ။

ဟိုး...တောင်အမြင့်ဆီမှ
လွင့်စင်ပြုတ်ကျသွားသည့်.. မြူ။

သူမ၏နာကျင်မှု၊ စိုးရွံ့ကြောက်လန့်မှုတွေက သူ့ရင်ကိုပါလာဟပ်ကာ ပူလောင်သွားစေသည်။ သွေးပျက်တုန်လှုပ်နေရှာသည့် မြူ့မျက်နှာက သူ့ကိုထိခိုက်ကြေကွဲသွားစေခဲ့သည်။ အိပ်မက်မှ လန့်နိုးလာခဲ့ပြီဖြစ်သော်လည်း ယခုတိုင် သူဆောက်တည်ရာမဲ့နေဆဲ။

နက်ရိူင်းသည့်အမှောင်ထုထဲသို့ အတားအဆီးမဲ့ ပြုတ်ကျသွားရင်းနာကျင်စွာအော်ဟစ်နေရှာသည့် သူ့ရဲ့မြူ....။

ဟင့်အင်း... ဒါအိပ်မက်တစ်ခုမဟုတ်ဘူး။
မြူ တကယ်ပြုတ်ကျသွားမှန်း သူခံစားမိသည်။
မြူ အမှန်ငိုကြွေးနေမှန်း သူအလိုလိုသိနေသည်။ မြူ ဧကန်နာကျင်နေရသည်။

အိပ်မက်ဟုဆိုသော်လည်း ဒါကိုအိပ်မက်သက်သက်ဟု သူမယုံကြည်ပါ။ ထို့ကြောင့် နေခရောက်လာသည်နှင့် သူဝုန်းဒိုင်းကြဲပစ်ကာ ဆိုလိုက်မိသည်။

"ငါဒီမှာဆက်မနေနိုင်တော့ဘူး နေခ ငါမြူ့အတွက်စိုးရိမ် သူအန္တရာယ်ရှိနေပြီ ငါဒီကနေအမြန်ထွက်သွားမှဖြစ်မယ် "

"တိုးတိုးပြောစမ်းပါ မင်းအသံကျယ်လိုက်တာ ကြားသွားဦးမယ် ဒုက္ခပါပဲ မင်းဘာတွေဖြစ်နေသလဲ နှိုင်း"

နှိုင်းအသံက အတော်ကျယ်သွားသဖြင့် နေခစိုးရိမ်စွာဆိုလိုက်သည်။ နှိုင်းကတော့ မကျေမနပ်ဖြင့်ပင်

"ငါဂရုမစိုက်ဘူး သည်းလည်းမခံနိုင်တော့ဘူး အခုဒီမှာဘယ်အထိဆက်နေရဦးမှာလဲ အလကားအချိန်ကုန်တယ် တောက်... "

"ဒီကောင်ဘာဖြစ်နေသလဲ.."

နေခနားမလည်စွာဆိုလိုက်တော့ ဟန်က ပုခုံးတစ်ချက်တွန့်လိုက်ပြီး..

မှော် (ေမွာ္)Where stories live. Discover now