Ep(4)

1.4K 74 0
                                    

Unicode

~~မှော်~~
(Season-1)
အပိုင်း(၄)

"လွတ်ပြီ ကျွတ်ပြီ"

စာအုပ်ကိုမြောက်ပြီးအားရပါးရအော်လိုက်သောရွက်နုကိုကြည့်ပြီး ဟန်ကပြုံးစိစိနှင့်ပင်

"ဘယ်လိုလုပ် လွတ်ကျွတ်သေးမှာလဲ အောင်စာရင်းထွက်မှသိမှာကို မတော်တဆ ကျသွားခဲ့ရင်ရော.. "

"ဟဲ့... ဖွ.. လွဲပါစေ ဟန်နင့်ပါးစပ်ပုပ်ကြီးနဲ့ လျှောက်ပြောမနေနဲ့"

ရွက်နု မျက်စောင်းကြီးထိုးလျှက်ဆိုတော့ သူတို့အားလုံးရယ်မိသည်။ ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့မှာ သူတို့အားလုံး လွပ်လပ်ပေါ့ပါးနေကြခြင်းပင်။ ကျောင်းသားဘဝ၏အဆုံးသတ်နေ့လေးတစ်နေ့ဟုဆိုရင်လည်း မမှားချေ။ မြူကမေးခွန်းစာရွက်တွေကို အိတ်ထဲထိုးထည့်ရင်းနှင့်

"ငါတို့တွေ ဘယ်သွားကြရင်ကောင်းမလဲ"

"နင့်သဘောပဲလေ မြူ နင်သွားချင်တဲ့နေရာ ငါလိုက်ဖို့ အသင့်ပဲ"

နိူင်းကမြူ့မျက်နှာလေးကိုကြည့်ပြီးဆိုတော့ နေခက မျက်နှာရူံ့မဲ့သွားရင်း..

"မင်းပဲလိုက်တော့ နိူင်း မြူက ငရဲသွားမယ်ဆိုရင်တောင် မင်းလိုကောင်က တကောက်ကောက်လိုက်သွားဦးမှာ မြင်ယောင်သေးတယ်"

"ဒါပေါ့ ငါကချစ်တာကို မင်းလိုနှလုံးသားမရှိတဲ့ စက်ရုပ်မှ မဟုတ်တာ"

"ချစ်လွန်းလို့လည်း သေနေဦးမယ်"

အချေအတင်ပြောနေသော နေခနှင့်နိူင်းကြောင့် ရွက်နုက မနေသာတော့ဘဲ

"ဟဲ့ နင်တို့ကလည်း နမိတ်မရှိတဲ့စကားတွေ ပြောစရာလား မြူကငရဲသွားစရာ အကြောင်းမရှိသလို နိူင်းကလည်းသေဖို့မလိုဘူး ကလေးတွေလို အပြိုင်ငြင်းမနေနဲ့ ငါတို့ဘယ်သွားရမှာလဲ သိပြီ"

"ဘယ်ကိုလဲဟင်"

"ဟန်ရဲ့ Barကိုပေါ့မြူရဲ့ ကလပ်လည်းပါတော့ ကလို့လည်းရတယ် KTVလည်းတွဲထားတော့ သီချင်းဆိုလို့လည်းရတယ် ဘယ်လောက်မိုက်လဲ အမိုက်ဆုံးက ဟန်ပိုင်တာမို့ ငါတို့ပိုက်ဆံ ကုန်စရာမလိုဘူးလေ ဟိဟိ"

မှော် (ေမွာ္)Where stories live. Discover now