Season-7 Ep(12)

546 27 1
                                    

Unicode

~~မှော်~~
(Season-7)
အပိုင်း(၁၂)

"စိတ်မကောင်းပါဘူး ဒါခင်ဗျားသမီးရဲ့နောက်ဆုံးအချိန်ပဲ သူ့အတွက်အများဆုံးကျန်တဲ့အချိန်က ၆လပါ ဒီထက်စောရင်လည်းစောလိမ့်မယ်"

ဆရာဝန်စကားက ဦးကောင်းသန့်ကို မိုးကြိုးပစ်ချလိုက်သည့်အလား။ တစ်ဦးတည်းသောသမီးလေးမို့ အချစ်ပိုခဲ့သူဖြစ်ရာ ပို၍ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ရသည်။ ဆရာဝန်က လက်လျှော့လိုက်သော်လည်း သူကတော့ သမီးလေးကို လက်မလွတ်နိုင်သေးပါ။ သမီးလေးအသက်ရှင်နိုင်မည့်နည်းလမ်းတို့ကို အရူးတစ်ယောက်လို ရှာဖွေနေဆဲ။

တစ်ရက်တွင်တော့ သူ့ထံစာတစ်စောင် ရောက်လာသည်။ သူမသိသောလူစိမ်းတစ်ယောက်ထံမှဖြစ်သော်လည်း စာထဲမှပါဝင်သောအကြောင်းအရာကာ သူကိုအလွန်ဆွဲဆောင်သွားခဲ့သည်။

"ခင်ဗျားသမီးအသက်ရှင်ဖို့နည်းလမ်းရှိတယ် ဒီလိပ်စာအတိုင်းသွားလိုက်ပါ ခင်ဗျားအတွက် စိတ်ဝင်စားစရာကောင်းပါလိမ့်မယ်"

စာကထိုမျှသာ။ သို့သော် သမီးလေးအသက်ရှင်ဖို့နည်းလမ်းရှိတယ်ဟူသောစာကြောင်းက ထိုလိပ်စာသို့ မဖြစ်မနေသွားရန် သူ့အတွက် လုံလောက်နေပြီဖြစ်သည်။

သို့နှင့် ဦးကောင်းသန့်သည်စာထဲတွင်ပါသောလိပ်စာအတိုင်း သွားခဲ့သည့်အခါတွင်တော့ ကင်ဆာရောဂါကျွမ်းပြီးမှ အသက်ရှင်ကျန်းမာလာသည့်လူနှင့် တွေ့ဆုံခဲ့သည်။ ထိုလူထံမှ မှော်စာအုပ်နှင့်ပတ်သက်သော ထူးဆန်းသည့်အကြောင်းအရာတို့ကိုသိလာခဲ့သည်။ သူသည်ငယ်စဉ်အခါက ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးလောကတွင် အတန်ငယ်ကျွမ်းဝင်ခဲ့ဖူးသဖြင့် မှော်စာအုပ်နှင့်ပတ်သက်သော ပုံပြင်ကို ကြားဖူးနားဝရှိခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် ထိုသူပြောသောထူးဆန်းသည့်အကြောင်းအရာတို့ကို ယုံကြည်ခဲ့သည်။ အထူးသဖြင့် နာခ်ခါပျိုမျိုးနွယ်စုအကြောင်း စိတ်ဝင်စားခဲ့သည်။ နာခ်ခါပျိုမျိုးနွယ်ထံမှရနိုင်သော အစွမ်းထက်ဆေးများကာ ဤလူ၏ကင်ဆာကိုပျောက်ကင်းနိုင်ပြီး အခုလိုအသက်ရှည်ကျန်းမာစေသည်ဆိုပါက သူ့သမီးလေးအတွက်လည်း အခွင့်အရေးရှိနိုင်သည်မဟုတ်လား။

မှော် (ေမွာ္)Where stories live. Discover now