Season-8 Ep(14)

524 41 3
                                    

Unicode

~~မှော်~~
(Season-8)
အပိုင်း (၁၄)

"အင်း...ဟင်း"

ခပ်တိုးတိုးညည်းညူပြီး သူမမျက်လုံးတွေ ဖွင့်လာသည်။ ပြာလဲ့လဲ့မျက်နှာကျက်ကို သတိပြုမိခြင်းနှင့်အတူ အိစက်ညက်ညောနေသည် အိပ်ရာပေါ်ရောက်နေသည်ကိုလည်း သတိထားမိလိုက်၏။

"ငါဘယ်ရောက်နေပါလိမ့်"

ကိုယ့်ဘာသာကိုမေးမိလျက် သူမထလိုက်သည်။ ရုတ်တရက်အိပ်မက်ဆိုးမှလန့်နိုးလာသကဲ့သို့ လူကာ ကြောင်တောင်တောင်ဖြစ်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံးထုံထိုင်းနေလျက် စိတ်တွေကမကြည်မလင်နှင့်။

သို့သော်ဘယ်ကမှန်းမသိ ခပ်တိုးတိုးပျံ့လွင့်လာသည့်ဂီတသံနှင့် သင်းပျံ့သည့်မွေးရနံ့တို့ကလည်း သူမစိတ်ကိုအလိုအလျောက်ကြည်လင်အေးမြသွားစေတော့သည်။ ထည်ဝါခမ်းနားလှသော အခန်း၏အသွင်အပြင်ကို ငေးကြည့်ရင်း ဘာလို့များသူမဤနေရာကို ရောက်နေရသည်လဲကိုတော့ စဉ်းစားမရဖြစ်နေမိ၏။

ထို့နောက် သူမထလိုက်သည်။ အခန်းအပြင်သို့ တရွေ့ရွေ့လျှောက်သွားလျက် နေရာအနှံ့ကာထားသောလိုက်ကာစတို့ကို ဖယ်ရှားလိုက်သည့်အခါတွင်တော့..

"အို...."

မြင်လိုက်ရသည့်မြင်ကွင်းကာ လှပလွန်းသဖြင့် သူမအဟောင်းသားနှင့် အံ့ဩမှင်သက်သွားရတော့သည်။ မျက်စိရှေ့တွင်ရှိနေသောမြင်ကွင်းတို့ကာ အဘယ်မျှလှရက်နိုင်လွန်းလှသနည်း။

မိုးရွာကျသည့်အလား တဖွဲဖွဲကျနေသော နှင်းတို့ကြားမှ ဖြူဖွေးလှပသောနှင်းတောင်တန်းကြီး။ ဘေးအနီးအနားတွင်တော့ တသွင်သွင်စီးဆင်းနေသော အင်မတန်လှပသည့်ရေတံခွန်နှင့် ရေအိုင်လေးတစ်ခု။ အငွေ့တွေတထောင်းထောင်းထနေသဖြင့် ရေပူအိုင်ဖြစ်ဟန်တူသည်။

တဖွဲဖွဲကျနေသောနှင်းမှုန်တွေအောက်၌ အငွေ့တထောင်းထောင်းနှင့်ရေပူအိုင်ကြီးကိုမြင်ရသည်မှာ တစ်မျိုးတစ်ဖုံဆန်းသစ်လှပနေတော့၏။ ဘေးနားတောင်ခြေတွင်တော့ နှင်းတောင်တွင် ပွင့်သောပန်းတို့ဖြစ်ဟန်တူသည်။ အမျိုးအမည်မသိသော်လည်း အရောင်အသွေးစုံလင်စွာနှင့်အတော့်ကိုလှပါသည်။

မှော် (ေမွာ္)Where stories live. Discover now