Ep(5)

1.3K 78 0
                                    

Unicode

~~မှော်~~
(Season -1)
အပိုင်း(၅)

"ဟန်... ရှင်ဘာကိစ္စကျွန်မကို ရှောင်နေရသလဲ"

သူ့ရှေ့တွင်ရှိနေသော မိန်းမလှလေးကို ဟန်စိတ်ပျက်စွာ စိုက်ကြည့်လိုက်ပြီး

"ရှောင်နေတယ်ဆိုမှတော့ မတွေ့ချင်လို့ပေါ ဟန်နီရယ် မင်းဒီလောက်တောင် နားမလည်ဘူးလာ"

"ရှင်...."

"ဘာရေးကြီးခွင်ကျယ်ကိစ္စရှိလို့ ငါ့အိမ်ထဲထိ မင်းရောက်လာရသလဲ"

"ကျွန်မဖုန်းဆက်တော့ရော ရှင်ကိုင်လား ဘယ်နေရာမှရှာလို့မတွေ့တာနဲ့ ရှင့်အိမ်မှာလာပြီး ရှင့်ကို စောင့်နေရတာပဲသိလား"

ဟန်နီစိတ်ဆိုးမာန်ဆိုးဆိုလိုက်သည့်တိုင် ဟန်က ဆေးလိပ်ဖွာမပျက်ပင်

"ကဲဆို... အခုဘာကိစ္စလဲ..."

"ရှင်ဘာအချိုးတွေချိုးနေသလဲ ရှင်နဲ့ကျွန်မက ချစ်သူတွေနော် ရှင်ရှောင်ချင်တိုင်းရှောင်လို့မရဘူး ဟန်"

"အခုမင်းနဲ့ငါချစ်သူတွေ မဟုတ်တော့ဘူး ဟန်နီ ငါမင်းကိုအတိအလင်းဖြတ်လိုက်ပြီ"

"ဘာ..."

ဟန်နီမျက်နှာပျက်သွားတော့ ဟန်ကသွေးအေးစွာပင် ပြုံးလိုက်ပြီး

"ငါ့မင်းကို စိတ်မပါတော့ဘူး ဒါကြောင့် ငါနားက မင်းထွက်သွားလိုက်တော့.."

"ရှင် ဖြတ်ချင်တိုင်းဖြတ်လို့ရအောင် ဟန်နီချိုကို ဘယ်လိုမိန်းမထင်လို့လဲ ကျွန်မလုံးဝလက်မခံဘူး"

"မင်းကိုငါ ဘယ်လိုမှကိုမထင်တာပါ ပြီးတော့ မင်းလက်ခံတာ မလက်ခံတာငါစိတ်မဝင်စားဘူး အော်... ဒါနဲ့မင်းမိဘ ဘယ်သူဘယ်ဝါဆိုတာ ငါ့ကိုလာမခြိမ်းခြောက်နဲ့နော် ငါကိုလာငြိရင် မင်းဘဝပျက်သွားမယ်ဆိုတာ မင်းကောင်းကောင်း သိမှာပါ"

အေးစက်စက်ဆိုလိုက်သော ဟန့်စကားတွေကြောင့် ဟန်နီချိုဒေါသတွေ ဘယ်လိုမှထိန်းမရတော့ဘဲ လက်တစ်ဖက်မြောက်တက်သွားကာ

"တောက်...ရှင် .."

"မင်းငါ့ကိုရိုက်ရဲတယ်ပေါ့ "

မှော် (ေမွာ္)Where stories live. Discover now