Season-8 Ep(10)

511 40 8
                                    

Unicode

~~မှော်~~
(Season-8)
အပိုင်း(၁၀)

"တံခါးဖွင့်ဖို့အချိန်ဘယ်လောက်ကျန်လဲ"

သိပ်သည်းစွာကျနေသည့်နှင်းမှုန်စက်တို့ကို စိုက်ကြည့်ရင်း မင်းသားကမေးခွန်းထုတ်လိုက်သည်။ မင်းသားရှေ့မှောက်၌ ကျိုးနွံစွာခစားနေသည့်ဇီဝင်္ဃာက

"၇ရက်ပါမင်းသား နောက်၇ရက်ကျရင် မှော်တိုင်းပြည်တံခါးကြီးပွင့်ဖို့အချိန်ရောက်ကျပါပြီ ခင်ဗျာ"

"သူတို့တွေဘယ်ရောက်ပြီလဲ"

"ဒီနေ့နန်းဆောင်တော်ကို ရောက်ပါလိမ့်မယ်"

ဇီဝင်္ဃာစကားကြောင့် မင်းသားကကျေနပ်စွာ ပြုံးလိုက်ပြီးနောက်

"တံခါးမပွင့်ခင် အချိန်(၇)ရက်ရှိဦးမယ် ၇ရက်အတွင်းမှာ ကုရ်မာဘယ်သူလဲဆိုတာ သိအောင်ကြိုးစားခိုင်းထားပါ"

"ဟုတ်ကဲ့ပါမင်းသား ကျွန်တော်မျိုး ရိဇ်ခေါင်းဆောင်ထံ မင်းသားအမိန့်အတိုင်းမှာကြားခိုင်းလိုက်ပါမယ်.."

"ပြီးတော့ မှော်စာအုပ်ကို ပိုလုံခြုံတဲ့နေရာ ရွေ့ထားခိုင်းပါ ကုရ်မာက မှော်စာအုပ်ကိုရဖို့ကြိုးစားလိမ့်မယ် ဒါကြောင့်မှော်စာအုပ်ကိုအယောင်ပြပြီး သူ့ကိုထောင်ချောက်ဆင်အမိဖမ်းရမယ် ဒါကိုသုန္နရီသာကိုလုပ်ဆောင်ခိုင်းလိုက်."

"အမိန့်အတိုင်းဆောင်ရွက်ပါ့မယ်ခင်ဗျာ"

သောရ်ရဋ္ဌာန်မင်းသားသည် တစ်စုံတစ်ရာထပ်ပြောရန်ပြင်လိုက်ပြီးမှ ရုတ်တရက်မျက်နှာတင်းမာသွားကာ

"ဒီမိန်းမ မြေအောက်ခန်းဘာသွားလုပ်သလဲ"

"ဗျာ မင်းသားဘာပြောလိုက်ပါသလဲ"

ဇီဝင်္ဃာက သူ့ကိုပြောသည်ထင်ပြီး ပျာပျာသလဲမေးရှာသည်။ မင်းသားက ဇီဝင်္ဃာကို အဖက်မလုပ်။ အလိုမကျဟန်ဖြင့် နှုတ်ခမ်းတို့က တင်းတင်းစေ့သွားပြီးနောက်

"တောက်"

ဒေါသတကြီးတက်ခေါက်လိုက်တော့ ဇီဝင်္ဃာမှာ လန့်ဖျပ်သွားတော့သည်။ ထို့နောက် ဘာမပြောညာမပြောနှင့် အခန်းဆောင်မှထွက်သွားတော့ ဇီင်္ဝဃာအူကြောင်ကြောင်နှင့်ကျန်ခဲ့ရသည်။ နားမလည်ခြင်းတို့သည်ရင်ထဲတိုးဝင်လာ၏။

မှော် (ေမွာ္)Where stories live. Discover now