Season-3 Ep (4)

974 41 2
                                    

Unicode

~~မှော်~~
(Season-3)
အပိုင်း(၄)

"သောရ်ရဌာန်မင်းသား"

အသောရန်နိုင်မင်းသားနှင့် ဒေဃာရီမျိုးနွယ်တို့၏ သမီးပျိုရနုဒီမှမွေးဖွားလာသည့် မင်းသားငယ်။

ရုပ်အဆင်းအင်္ဂါ၏လှပခြင်း...
အသားအရည်၏ကောင်းမွန်ခြင်း..
အသံသြဇတို့၏တင့်တယ်ခြင်း တို့ဖြင့်..

သောရ်ရဌာန်မင်းသားသည် ကုသိုလ်ကံထူးလျံလျက် လွန်စွာပြီးပြည့်စုံသန့်စင်ခဲ့သည်။ သို့သော် ရှေးဘဝအကုသိုလ်ကံရှိခဲ့၍ ထင်သည်။ မင်းသားငယ်၏ဘဝကာ ပျော်ရွှင်မှုတို့ကင်းမဲ့ကာ အေးစက်ခြောက်သွေ့ခဲ့၏။ မွန်းကျပ် ပိတ်လှောင်မှုများဖြင့် အထီးကျန်ခဲ့သည်။ ချစ်ခြင်းမေတ္တာနှင့်ကင်းကွာခဲ့ရပါသည်။

အကြောင်းရင်းမှာ......

မင်းသားငယ်မွေးဖွားခဲ့စဉ်ကအသောရန်နိုင်မင်းမှာ မင်းသားကိုအင်မတန်ချစ်ခင်စုံမက်လျှက်ရှိခဲ့ပါသည်။ မင်းသားငယ်အားလည်း အထူးဂရုပြုလျက် မျက်စိအောက်မှမခွာအောင် စောင့်ကြည့်ကြင်နာခဲ့သည်။ သို့သော် မင်းသားငယ်အား ချစ်ခင်ကြင်နာခြင်းမရှိလျက် သွေးအေးစွာပစ်ပယ်ထားခဲ့သူမှာ မိခင်းရင်းဖြစ်သည့် ဒေဃာရီမျိုးနွယ်ဝင်ရနုဒီပင် ဖြစ်သည်။

သူမသည်မိခင်ရင်းပင်ဖြစ်လင့်ကစား မိခင်စိတ်ဓာတ်မရှိသော ယုတ်ညံ့သည့်မိန်းကလေး ဖြစ်လေရာ မင်းသားငယ်အပေါ် ချစ်ခင်ကြင်နာခြင်း မရှိခဲ့ပါ။ ပြုစုယုယရမည်ကိုလည်းပျင်းရိ၍ အပျော်အပါးစည်းစိမ်များ၌သာ ယစ်မူးကုန်ဆုံးခဲ့သည်။

ထို့ကြောင့်မင်းသားငယ်သည်လည်း မိမိအား ကြင်နာယုယခြင်းမရှိဘဲ အမြဲရှောင်ဖယ်နေတတ်သည့် မိခင်ကိုချစ်ခင်တမ်းတခဲ့ခြင်းမရှိပါ။ မိခင်နှင့်စိမ်းကာ ဖခမည်းတော်ကိုသာ လွန်စွာတွယ်တာခဲ့လေသည်။

အမှန်စင်စစ်ဒေဃာရီသမီးပျိုရနုဒီ၏ စိတ်နေသဘောသဘာဝမှာ ဟိုးယခင်ကတည်းက သေးသိမ်ယုတ်ညံ့ခဲ့သည်။ အလှအပအား အလွန်အကြူးမက်မောလျက်ရှိသကဲ့သို့ စည်းစိမ်ဥစ္စာတို့၌လည်း လောဘကြီးလျက် ရှိသည်။ ရှေးဘဝကံကြောင့် အင်မတန်ထူးကဲသည့် ရုပ်ရည်လှပနေခြင်းကိုအရင်းပြုလျက် ယောင်္ကျားသားများအား မြူဆွယ်ဖျားယောင်းခြင်းကိုလည်း ဝါသနာထုံလှ၏။

မှော် (ေမွာ္)Where stories live. Discover now