Season-4 Ep(11)

561 29 0
                                    

Unicode

~~မှော်~~
(Season-4)
အပိုင်း(၁၁)

နေခ...

လှစ်ခနဲ့မြင်လိုက်ရသည့်အဖြူရောင်အရိပ်လေးနောက် အပြေးလိုက်သွားသော်လည်း မမီလိုက်။ ခဏတွင်းချင်းမှာပင် အစအနရှာမရအောင် ပျောက်ကွယ်သွားတော့သည်။

ဦးအဂ္ဂနှင့်နှိုင်းက သူရှိရာအပြေးတပိုင်းရောက်လာကြပြီး

"ဘယ်လိုလဲတွေ့လိုက်လား... "

နှိုင်းအမေးကြောင့်နေခခေါင်းခါယမ်းလိုက်ရင်း

"မတွေ့လိုက်ဘူး တော်တော်မြန်တယ် မြေလျှိုးမိုးပျံသွားသလားထင်ရတယ် ဘယ်ပျောက်သွားမှန်းကို မသိဘူး"

"လူလား အကောင်တစ်ကောင်ကောင်လား"

"မမြင်လိုက်တော့မပြောတတ်ဘူး "

"ဦးအဂ္ဂ.. ခင်ဗျားရောဘယ်လိုထင်လဲ"

နှိုင်းကလှည့်မေးလိုက်တော့ ဦးအဂ္ဂသည် စဉ်းစားဟန်ပြုလိုက်ရင်း..

"ဒီလောက်မြန်မြန်ဆန်ဆန်ပျောက်သွားတာ လူတော့မဖြစ်နိုင်ဘူး ဒါပေမဲ့ ကျောက်ဂူထဲမှာ လူတစ်ယောက်နေထိုင်သွားတဲ့ လက္ခဏာတွေရှိနေတယ် ဒီအဖြူရိပ်ဖြစ်မယ်ဆိုရင် စဉ်းစားစရာပဲ ဘယ်လောက်ပဲအသိဉာဏ်ရည်မြင့်တဲ့ တိရစ္ဆာန်ဖြစ်ပါစေ လူတစ်ယောက်လိုမျိုး သေသေသပ်သပ်နဲ့နေနိုင်ဖို့က သိပ်မလွယ်ကူဘူး ပြီးတော့ကျောက်ဂူထဲမှာလူနေသွားတဲ့ အငွေ့အသက်ပဲရတယ် တိရစ္ဆာန်တစ်ကောင်ရဲ့ အနံ့အသက်တွေမရှိဘူး"

"မျက်စိရှေ့တင်ပျောက်သွားတာကျတော့ရောဗျ"

"ပြောရခက်တယ် နှင်းတောင်မှာ ဒီလိုအမြန်နူန်းနဲ့ သွားနိုင်တဲ့အကောင်မျိုး ကျုပ်မတွေ့ဖူးဘူး"

"ဒီအဖြူအရိပ်ကို ကျွန်တော်တို့သုံးယောက်လုံးတွေ့လိုက်ရတယ်ဆိုတော့ ထင်ယောင်ထင်မှားဖြစ်တာတော့ မဖြစ်နိုင်ဘူး ခင်ဗျားကဒီနေရာမှာနေခဲ့ဖူးတော့ တစ်ခုခုစဉ်းစားမိတာများရှိသေးလား"

"ကျုပ်သိရသလောက်တော့ ဒီအနားပတ်ဝန်းကျင်မှာ ဒီလိုအထူးအဆန်းမျိုးမရှိဘူး ဂူထဲမှာလက်တစ်လော စားသောက်ထားတဲ့အနေအထားအရတော့ မကောင်းဆိုးဝါးဝိညာဉ်လည်းမဖြစ်နိုင်ဘူး ကျောက်ဂူထဲမှာနေထိုင်တယ် ပြီးတော့လူတစ်ယောက်လိုပဲ အစားအစာစားထားပုံရှိတယ် ဒါပေမဲ့အလင်းတန်းလိုမြန်ဆန်လွန်းတယ် တော်တော်ထူးဆန်းတယ် "

မှော် (ေမွာ္)Where stories live. Discover now