Season-6 Ep(5)

549 26 0
                                    

Unicode

~~မှော်~~
(Season-6)
အပိုင်း(၅)

"ဟင်"

ပတ်ဝန်းကျင်တခွင်လုံးဘာမှမမြင်ရအောင် နှင်းတွေကအဆမတန်ပိတ်မှောင်းနေသည်။ ထိုသို့တဖွဲဖွဲကျနေသည့်နှင်းတွေကြားမှ တရွေ့ရွေ့တိုးဝင်လာသည့်အရိပ်တွေ၊ အရိပ်တွေကမှ မနည်း။

နေခအထိတ်တလန့်ရေရွတ်ရင်း တုန်လှုပ်မိသည်အထိ ထိုအရိပ်မည်းတို့ကာ သူ့ကိုပတ်ပတ်လည်ဝိုင်းထားတော့သည်။ ထို့နောက်မြောက်မြားစွာသောအရိပ်မည်းတွေကြားမှ ကြောက်မက်ဖွယ် တစ်စုံတစ်ရာသည်ထိုးထွက်လာရင်း

"ငါ့နောက်လိုက်ခဲ့"

"ဗျာ"

"သင့်ကိုအကျွန်ုပ်ပိုင်တယ်"

အေးစိမ့်အက်ရှနေသည့်စကားသံတို့ကာ ချောက်ချားဖွယ်အတိ။ ဒီအသံကိုကြားဖူးသကဲ့သို့ သူခံစားရသည်။ ဘယ်နေရာမှန်းတော့ မမှတ်မိတော့ပါ။ သိပ်သည်းစွာကျနေသော နှင်းထုတို့ကြောင့် ဘယ်လိုပုံစံမှန်းသဲကွဲစွာမမြင်ရသည့်တိုင် ကြီးမားသည့်ကိုယ်ထည်နှင့်ကြောက်စရာအသွင်တို့ကြောင့် သူအလိုလိုပင်စိုးရွံ့မိသဖြင့်

"ခင်ဗျားဘာတွေပြောနေသလဲ ခင်ဗျားပြောနေတာတွေကျွန်တော်နားမလည်ဘူး"

"သင့်ဝိညာဉ်ကိုကျွန်ုပ်ယူဆောင်ရမယ် သင်ကကျွန်ုပ်အပိုင်ပဲ ကျွန်ုပ်နောက်လိုက်ခဲ့ပါ"

"မလိုက်ဘူး... ကျွန်တော့်ကိုခင်ဗျားက ဘာကိစ္စပိုင်ရမှာလဲ အဓိပ္ပါယ်မရှိလိုက်တာ "

"သင်ဘာပဲပြောပြောကျွန်ုပ်နောက်လိုက်ခဲ့ရမယ် ကောင်းကောင်းမွန်မွန်မလိုက်ခဲ့ရင် သင့်ကိုညှင်းပန်းနှိပ်စက်ပြီးခေါ်ဆောင်ရလိမ့်မယ်"

ပြောရင်းထိုပုဂ္ဂိုလ်ကာရှေ့သို့တိုးလာသဖြင့် သူယောင်ယမ်းနောက်ဆုတ်မိပြီး

"ဘာဗျ... ခင်ဗျားကဘာလဲ ဘာကိစ္စကျုပ်ကိုဇွတ်ခေါ်နေရသလဲ ကျုပ်မလိုက်နိုင်ဘူး "

"သင့်ဝိညာဉ်ကိုကျွန်ုပ်ပိုင်လို့ပဲ သင်လိုက်ရမယ်"

တဖြည်းဖြည်းနှင့် ချောက်ချားဖွယ်ကောင်းလာသဖြင့် သူထွက်ပြေးဖို့ကြိုးစားသည်။ သို့သော် သူ့ခြေထောက်တွေကလှုပ်မရပါ။ ထိုပုဂ္ဂိုလ်ကာ ဘာမှန်းမသိသောဘာသာစကားတို့ကို တတွတ်တွတ်ရေရွတ်နေရင်း ရှေ့သို့တိုးလာသည်။ ထိုရေရွတ်သံတို့ကာ သူ့စိတ်ကိုမူးယစ်ပျော့ခွေအောင်ဆွဲငင်နေသလို။ ထိုခံစားချက်တို့ကို သူဘယ်လိုမှမနှစ်မြိုသဖြင့်

မှော် (ေမွာ္)Where stories live. Discover now