Ep(11)

991 60 1
                                    

Unicode

~~မှော်~~
(Season -1)
အပိုင်း(၁၁)

"ဒါက..."

အနက်ရောင်သားရည်နှင့်စာအုပ်အဟောင်းကို
ကြည့်ရင်း သူအံ့သြသင့်စွာ ရေရွတ်လိုက်စဉ်မှာပင် သူမကစာအုပ်ကိုဖျပ်ခနဲ့ကောက်လိုက်ပြီးနောက် သူမဝတ်ဆင်ထားသည့်အင်္ကျီကြားထဲ ကောက်ညှပ်လိုက်ရာ..

"ဒီစာအုပ်က .."

ဇဝေဇဝါဖြင့် သူရေရွတ်မိလိုက်ပြန်တော့ အမှောင်ထဲမှ သူမမျက်ဝန်းတွေက သူ့ထံ စူးခနဲ့ရောက်လာသည်ထင်သည်။

"ကျွန်မပစ္စည်းပါ.."

ဟင်... အသံလေးက ဆန်းကြယ်လွန်းပါလား။

သာယာပျော့ပျောင်းနေသလို ခပ်တင်းတင်းလည်း ရှိနေပြန်သည်။ ပြီးနောက် ခန့်မှန်းရခက်သော ခပ်ဝဲဝဲလေယူလေသိမ်းကြောင့် တစ်မျိုးနူးညံ့ကာ ချစ်ဖို့ကောင်းနေတော့သည်။ ပြောပြီးသည်နှင့် သူမသည်ဖျပ်ခနဲ့လှည့်ထွက်သွားရန် ပြင်လိုက်စဉ်မှာပင်

"ရှာစမ်း ဒီနားလေးတင် ပျောက်သွားတယ်"

"တွေ့အောင်ရှာ လုံးဝမလွတ်စေနဲ့ တောက်.."

အသံနှင့်အတူ ရုတ်ရုတ်သဲသဲဟန်ဖြင့် ရောက်လာသည့်လူတစ်စုကြောင့် လှမ်းဖို့ပြင်သည့် သူမခြေလှမ်းတွေ တုန့်ခနဲ့ရပ်သွားသည်။ တက်လာသည့်လူက လေးငါးယောက်ရှိမည် ထင်သည်။ ဒေါသတကြီးနှင့် တစ်စုံတစ်ရာကို အသဲအသန်ရှာဖွေနေဟန်..။

ချက်ချင်းပင် သူမခြေလှမ်းတွေက အမှောင်ထဲပြန်တိုးဝင်လာပြီးနောက် ထင်မှတ်မထားစွာပင် သူမပြုမူလိုက်သည်က

"ဟင်..."

ရုတ်တရက်သူ့ကိုသိုင်းဖက်လာပြီး သူ့နှုတ်ခမ်းတွေပေါ် ဖိကပ်နမ်းလိုက်လေရာ..

နူးညံ့လွန်းသော နူတ်ခမ်းတစ်စုံ။

လေပြေလား... မုန်တိုင်းလားမသဲကွဲ။ တစ်စုံတစ်ရာသည် သူ့ရင်ထဲပြင်းစွာတိုးရှလာပြီး သူ့ကို မှင်သက်ကြောင်တွေ့သွားစေခဲ့၏။ အချိန်တွေအားလုံး ရပ်တန့်သွားခဲ့သည်လား။

သေချာသည်က စကားလုံးတွေခြောက်သွေ့ တိတ်ဆိတ်ကုန်၏။ ရုတ်တရက်သူမဖိခြွေလာသည့် အနမ်းတစ်ခုအောက်တွင် သူအသိတရားတွေ အကုန်မေ့မျောသွားပုံရသည်။ သူမလှုပ်မယှက် ဖြစ်နေဆဲ..။

မှော် (ေမွာ္)Where stories live. Discover now