Season-7 Ep(4)

592 35 3
                                    

Unicode

~~မှော်~~
(Season-7)
အပိုင်း(၄)

နေရောင်ခြည်ခပ်နွေးနွေးဖြာကျနေသည်လား။
မျက်လုံးဖွင့်လိုက်သည်နှင့်အနွေးဓာတ်က လူကိုလွှမ်းခြုံရစ်သွား၏။

ဟင့်အင်း... ဘယ်ဟုတ်မှာလဲ
ဒီလောက်နှင်းတွေလိူင်လိူင်ကျနေတဲ့နေရာမှာ
ဘယ်ကနေရောင်ခြည်ရှိပါ့မလဲနော်။

သို့တိုင် အနွေးဓာတ်တွေက သူမကိုသိမ်းပိုက်နေ၏။ ထူးဆန်းလိုက်တာ... အသွေးအသားထဲထိတိုင်စိမ့်ဝင်နေသည့် ဒီနွေးထွေးမှုတွေက ဘယ်ကနေများစီးမျောလာပါလိမ့်။

အပြာရောင်လိုက်ကာစတွေကြောင့်လား၊
ခပ်သဲ့သဲ့ပျံလွင့်နေသော သီချင်းသံကြောင့်လား၊ နူးညံ့အိထွေးလွန်းနေသော ပိုးသားမွေ့ရာကြောင့်လား။

ဒါမှမဟုတ်.....

တစ်စုံတစ်ရာကိုတွေးတောမိတော့ ဖြူနုဝင်းပနေသောမျက်နှာလေးက ရဲသွား၏။ သို့သော်မျက်နှာထက်ဝယ် ရှပ်ပြေးသွားပါသော ထိုရှက်ရွံ့ခြင်းတို့ကာ ကြည်နူးခြင်းသက်သက်သာ။

လှိုင်းအချို့ကယက်ထခဲ့သည်လား။
ဘယ်လိုမှတွန်းမကန်နိုင်ခဲ့သည့်ဆွဲငင်မှုတွေ။
ရုန်းထွက်မရခဲ့သော "နွံ"ဟုဆိုရမည်လား။
ဒီလိုနဲ့ပဲ ရင်ခုန်လှိုက်မောခြင်းများစွာနှင့်
ကျဆုံးခဲ့ရသည့်အပြာရောင်ည.....။

ဘယ်သူကများလွန်ဆန်နိုင်မည်တဲ့လဲ။
ဒီအကြည့်တွေက ဆွဲဆောင်လွန်းနေခဲ့သည်ကို။
ဒီနှုတ်ခမ်းအထိအတွေ့တို့က ရက်ရက်စက်စက် ညှို့ချက်ပြင်းခဲ့သည်မဟုတ်လား။

သိမ်မွေ့စွာနှင့် နူးညံ့ငြိမ့်ညောင်းစွာနှင့်ပဲ
သူမကြည်ဖြူစွာ ကျေနပ်စွာ စီးမျောခဲ့သည်။ ပန်းနုရောင်တေးဂီတတွေနှင့် အပြာရောင်လှိုင်းတွေဟာ လွင့်မျောခဲ့သည်မှာ လှပလွန်းခဲ့ပါ၏။

အတွေးများနှင့် သူမပြုံးမိ၏။ အိပ်ရာထက်မှထလိုက်တော့ ရင်ခုန်သံတွေဟာ ကစဉ့်ကလျားဖြစ်နေဆဲ။ ဖရိုဖရဲဖြစ်နေပါသောအင်္ကျီတို့ကို သပ်တင်လိုက်ရင်း မျက်လုံးအစုံက တစ်စုံတစ်ရာကိုရှာဖွေနေမိ၏။

နိုးလာကတည်းက သူ့ကိုမတွေ့ပါ။ နူးညံ့လှပသော အိပ်ရာထက်ဝယ် သူမတစ်ယောက်တည်းသာ။ ဒါလည်းကောင်းပါသည်။ မဟုတ်ပါက သူ့ကိုမျက်နှာပူနေရဦးမည်မဟုတ်လား...။

မှော် (ေမွာ္)Where stories live. Discover now