Season-3 Ep(3)

815 37 1
                                    

Unicode

~~မှော်~~
(Season-3)
အပိုင်း(၃)

"ဟန်..."

ကိုမင်းခေါင်သည်လည်း ဟန်တို့အဖွဲ့ကို မြင်တော့ အံ့သြသင့်သွားရင်း

"မင်းတို့ဘယ်လိုလုပ်ပြီး ဒီရောက်နေကြသလဲ.."

"ပျောက်သွားတဲ့ကျွန်တော်တို့သူငယ်ချင်းကို ပြန်ခေါ်ဖို့အတွက် မှော်တိုင်းပြည်ကို လိုက်ရှာကြရင်း အခန့်မသင့်ဒီနေရာရောက်လာကြတာယ် ဆိုပါတော့ဗျာ"

"မင်းတို့အတော်မိုက်မဲကြပါလား"

ကိုမင်းခေါင်စကားကြောင့် ဟန်ကတစ်ချက်ပြုံးလိုက်ပြီး..

"ဒါနဲ့ ကိုမင်းခေါင်တို့လည်း မှော်တိုင်းပြည်ဆီကိုပဲလား.."

"ဟုတ်တယ် ရိဇ်လူမျိုးတစ်ယောက်ကိုအသေဖမ်းမိတုန်းက သူ့ဆီကမှော်တိုင်းပြည်ရဲ့ မြေပုံရလိုက်တယ် မှော်စာအုပ်ကလည်း ဒီမှာမရှိတော့ဘူး မှော်တိုင်းပြည်ကို ပြန်ယူသွားနေတယ် ဒါကြောင့် သူ့နောက်လိုက်လာရင်း အစ်ကိုတို့လည်း ဒီအထိရောက်လာကြတာပဲ ငါ့ညီ"

"သူဆိုတာက.."

"ကိုယ်လည်းမသိဘူး ရိဇ်မျိုးနွယ်စုက တစ်ယောက်ယောက်ပဲထင်တယ် စာအုပ်က သူ့လက်ထဲမှာရှိတယ်"

"ဒါဆိုရင် စာအုပ်ကအခုမှော်တိုင်းပြည်ဆီ ရောက်သွားပြီထင်တယ်... "

နှိုင်းဝင်မေးလိုက်၏။ ကိုမင်းခေါင် မဖြေခင်မှာပင် ဦးအဂ္ဂကခေါင်းခါရမ်းလိုက်ပြီး

"မရောက်သေးဘူး မှော်တိုင်းပြည်ရဲ့ ဝင်ပေါက်တံခါးကဆောင်းရဲ့အအေးဓာတ်အလွန်ကဲဆုံးဖြစ်တဲ့အချိန်မှာပဲဖွင့်တယ် နှင်းတောင်တန်းတွေရဲ့အအေးဓာတ်အမြင့်ဆုံးအချိန်ဟာ နောက်လပဲ စာအုပ်ဟာမှော်တိုင်းပြည်ထဲ ပြန်မရောက်နိုင်သေးဘူး ယူသွားတဲ့လူရဲ့ လက်ထဲမှာပဲ ထိန်းသိမ်းထားခံနေရတုန်းပဲ... အဲ့ဒီ့လူက မှော်တိုင်းပြည်တံခါးဖွင့်လာတဲ့အချိန်မှာပဲ တိုင်းပြည်ထဲဝင်ပြီး မှော်မင်းသားကိုပြန်ဆက်သလို့ရမယ်"

ဦးအဂ္ဂစကားတို့ကြောင့် ကိုမင်းခေါင်၏ အကြည့်တို့က ဦးအဂ္ဂထံရောက်သွား၏။ ထို့နောက် ဦးအဂ္ဂကိုအကဲခတ်ကြည့်နေရင်းနှင့်

မှော် (ေမွာ္)Where stories live. Discover now