Season-8 Ep(5)

521 27 3
                                    

Unicode

~~မှော်~~
(Season-8)
အပိုင်း(၅)

"ဘယ်လိုလုပ်ကြမှာလဲ"

ပြာနှမ်းနေသည့်ဦးအဂ္ဂကိုမှင်သက်စွာ ကြည့်နေရာမှ သတိဝင်လာသည့်နေခက စိုးရိမ်တကြီးဆိုလိုက်သည်။ သို့သော်နေခအဖြေကို ဘယ်သူမှမသိကြပါ။ ခါရာကိုယ်တိုင်က မျက်နှာပျက်ပျက်နှင့်ရှိနေသည်။

"တစ်ခုခုလုပ်ကြပါဦးဗျာ မဟုတ်ရင် ဦးအဂ္ဂသေလိမ့်မယ်"

နှိုင်းက ဆံပင်တွေကိုလက်နှင့်ထိုးဖွနေရင်း စိတ်လှုပ်ရှားစွာဆိုနေသည့်တိုင် အားလုံးကဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်။ ထိုအခိုက်..

"ဖျပ်.. ဖျပ်"

လမ်းလျှောက်လာသည့်ခြေသံကြောင့် သူတို့အားလုံးအကြည့်က ခြေသံကြားရာသို့ ရောက်သွားသည်။ သူတို့ထံဦးတည်လျှောက်လာသောမိန်းကလေးတစ်ဦး။

သူမကာ အဖြူရောင်ဝတ်လွှာကိုသာခြုံတတ်သော အသာဝတီဆိုသည့်မိန်းမလှလေး။ သူမကိုယခုမှပင်မြင်တွေ့လိုက်ရသော နှိုင်း၊ ဟန်၊ရွက်နုနှင့် ဦးကောင်းသန့်တို့က အံ့ဩသွားသည့်တိုင် နေခနှင့်ခါရာမှာတော့လန့်နေရသည်။ ခုနလေးတင် အသေအကြေရန်ပွဲဆင်ခဲ့သည် မဟုတ်လား။

သို့သော် သူမကဘယ်သူ့ကိုမှဂရုမစိုက်ပါ။ ဦးအဂ္ဂထံသို့သာ တန်းတန်းမတ်မတ်လျှောက်သွားပြီး မုဆိုးဒူးထောက်ထိုင်လိုက်ကာ လက်ဖျံတွေကို စမ်းသပ်နေ၏။ အတန်ကြာတော့ သူမမျက်နှာတစ်ချက်ပျက်သွားသည်။ ထို့နောက်

"ရေနွေးတည်ပေးပါ.."

ရုတ်တရက်မို့ သူတို့ကြောင်ကာကြည့်နေစဉ် သူမကစိတ်မရှည်ဟန်ဖြင့်

"ရေနွေးအမြန်တည်ပေးပါ နားမပါကြဘူးလာ"

ထိုအခါမှခါရာက သတိဝင်လာပြီး

"အင်း အင်း အစ်ကိုတည်လိုက်မယ်"

ခါရာကအလျင်အမြန်ပင် မီးမွှေးကာ ရေနွေးတည်ပေးသည်။ သူမကသူတို့ကိုဘာစကားတစ်ခွန်းမျှထပ်မဆိုသလို သူတို့လည်းငြိမ်ပြီး သူမလှုပ်ရှားသမျှကို လိုက်ကြည့်နေသည်။

သူမသည် ထူးဆန်းသောဆေးမြစ်တစ်မျိုးအားပွက်ပွက်ဆူနေသောရေနွေးထဲထည့်ပြုပ်လိုက်သည်။ ပြီးနောက် ဆေးမြစ်လေးအရောင်ပြောင်းသွားသောအခါ ရေနွေးကိုချလိုက်ပြီး

မှော် (ေမွာ္)Where stories live. Discover now