Season-6 Ep(9)

598 32 1
                                    

Unicode

~~မှော်~~
(Season-6)
အပိုင်း(၉)

"အား ကျွတ် ကျွတ်..."

အေးစက်မာကြောသောအထိအတွေ့များနှင့် တစ်ကိုယ်လုံးကိုက်ခဲနာကျင်မှုကြောင့် သူညည်းညူရင်းသတိရလာခဲ့သည်။

"ဘာတွေဖြစ်ခဲ့ပါလိမ့်"

မျက်စိတစ်ဆုံးဖွေးဖွေးလူပ်နေသည့်နှင်းထုများကို  ကြောင်တောင်တောင်ငေးကြည့်ရင်း သူအသိတရားတို့ကို မနည်းဖမ်းဆုပ်နေရသည်။ မခံရပ်နိုင်အောင်ကိုက်ခဲနာကျင်မှူများကလည်း စိတ်တည်ငြိမ်အောင်ကြိုးစားနေသည့်သူ့ကို တစ်ချက်တစ်ချက်ဝင်နှောင့်ယှက်နေတော့၏။

အတော်ကြာမှတရိပ်ရိပ်နှင့်ခေါင်းထဲပေါ်လာခဲ့သည်က မနေ့ညကနှင်းတောင်ပြိုကျသွားခဲ့သည်။ ဟုတ်သည်.. ကြောက်စရာကောင်းသော နှင်းတောင်ပြိုမှုတွင် ညည့်နက်သန်းခေါင်ကြီး သူတို့အဖွဲ့တွေအသက်လုပြေးခဲ့ရသည်။ ထို့နောက်အားလုံးတကွဲတပြားစီ ဖြစ်သွားကြသည်။

သူသည်လည်း သူ့နောက်ပါးဆီမှ အဆက်မပြတ်ပြိုဆင်းလာသည့် နှင်းအစိုင်အခဲတွေအောက်ရောက်မသွားစေရန် ခြေဦးတည့်ရာပြေးခဲ့သည်။ ဘယ်သူတွေ ဘယ်ဘက်ရောက်သွားသည်ကိုလည်း သတိမထားနိုင်တော့ပါ။ အေးစက်ခက်ထန်သည့်နှင်းပုံတွေအောက် ပုရွက်ဆိတ်တစ်ကောင်နှယ်ပိပြားပြီး သေမသွားအောင် အထိတ်တလန့်ပြေးခဲ့ရာမှ ဘယ်လိုမှမခံရပ်နိုင်အောင် မောပန်းနာကျင်လာသည့်အဆုံးတွင်တော့ ခြေထောက်တွေခွေခေါက်လဲကျသွားခဲ့ပြီးနောက် သတိလစ်မေ့မျောသွားခဲ့သည်။

သူသတိရလာသည့်အခါတွင်တော့ ညကကမ္ဘာပျက်သကဲ့သို့ အဖြစ်အပျက်များသည် မဖြစ်ပျက်ခဲ့သည့်အတိုင်း ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်တိတ်ဆိတ်နေတော့၏။ အရာအားလုံးသည် မနေ့ညနှင့်မဆိုင်သကဲ့သို့ ဆိတ်ငြိမ်နေခဲ့ပါသည်။

သူ့အသက်ရှူသံရယ်...
နာကျင်မှုအပိုင်းအစတွေရယ်...
ခပ်တိုးတိုးကြားရသည့်လေတိုက်သံတွေရယ်

ထို့ကြောင့်သူအသက်ရှင်ကျန်ရစ်ခဲ့သည်ကိုသိလိုက်သည်။ ဝမ်းသာအားရဖြစ်သွားသည့်တိုင် တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်တွင် သက်ရှိဟူ၍ဘာတစ်ခုမှမတွေ့ရသဖြင့် ရင်ထဲစိုးထိတ်သွားရပြန်၏။

မှော် (ေမွာ္)Where stories live. Discover now