Season-8 Ep(6)

457 42 2
                                    

Unicode

~~မှော်~~
(Season-8)
အပိုင်း(၆)

"အား ကျွတ်စ် ကျွတ်စ်"

မျက်နှာရှုံ့မဲ့လျက် တကျွတ်စ်ကျွတ်စ်နှင့် ညည်းညူနေသည့်အမရာကြောင့် ဗဒ္ဒရီကလှောင်ပြုံးနှင့်

"ဘယ်လိုလဲမင်းသားကိုအကျပ်ကိုင်နိုင်ရဲ့လား"

"ရှင့်ပါးစပ်ပိတ်ထား..."

အမရာဒေါသတကြီးအော်ဟစ်လိုက်သည့်တိုင် ဗဒ္ဒရီကဂရုမစိုက်။ ခြေထောက်နှစ်ဖက်လုံးကျိုးကြေနေသည့်အမရာကိုကြည့်ပြီး ကျေနပ်အားရဟန်ဖြင့်

"ချောက်ထဲခုန်ချမယ်ဆိုပြီး သွားခြိမ်းခြောက်ရဲတယ် ဟိုကတွန်းချပစ်တော့ ဘယ်လိုလဲ နေသာသွားရဲ့လား.."

"တောက်.. နင်"

လှောင်ပြောင်သရော်နေသောဗဒ္ဒရီကြောင့် အမရာဒေါသတွေနှင့်တဆက်ဆက်တုန်နေတော့သည်။ နှစ်ဖက်လုံးကျိုးကြေနေသည့်မိမိခြေထောက်ကိုလည်းကြည့်ရင်း ဒေါသတွေနှင့်အတူ အံ့ဩနားမလည်ဖြစ်နေမိဆဲ..။

သူမမှန်းဆကြည့်သလောက်ဆိုလျှင် မင်းသားသည်အခြားမိန်းကလေးများနှင့်ယှဉ်လျှင် မြူနှင်းသိင်္ဃအားအရေးပေးခဲ့သည်။ ဂရုစိုက်မှုရှိခဲ့သည်။ ညှင်းပန်းနှိပ်စက်မှုရှိခဲ့သော်လည်း အသက်အန္တရာယ်ရောက်တိုင်း ပြန်ကာကွယ်ပေးမြဲ။ မြူနှင်းသိင်္ဃာနှင့်ကျမှ မင်းသားသည် ၎င်း၏စည်းမျဉ်းကို၎င်းကိုယ်တိုင် ချိုးဖောက်ခဲ့သည်အထိ။

ဒါကိုအမရာသေချာပေါက်သိမြင်ခံစားခဲ့သည်။ ထို့ကြောင့် မြူနှင်းသိင်္ဃာကိုမနာလိုမုန်းတီးခဲ့ပြီး သူမခန္ဓာကိုယ်အားအရယူခဲ့သည်။ ထို့နောက် မြူနှင်းသိင်္ဃာ၏ခန္ဓာကိုယ်အားအကြောင်းပြလျက် သူမတစ်ကြိမ်တစ်ခါမျှမရခဲ့ဖူးသော မင်းသား၏စိတ်ခံစားချက်ကိုရယူဖို့ဆုံးဖြတ်ခဲ့သည်။ မြူနှင်းသိင်္ဃာမဟုတ်တော့မှန်းသိလျက်နှင့်တောင် မင်းသားသည် စားကျက်မြေ၌ သူမခန္ဓာကိုယ်မပျက်ဆီးစေရန် အချိန်မီလာရောက်ကာကွယ်ပေးခဲ့သည်မဟုတ်လား။

ထို့ကြောင့် သူမကိုလာမတွေ့သောမင်းသားအားအကျပ်ကိုင်နိုင်ရန် မြူနှင်းသိင်္ဃာအသက်နှင့် ခြိမ်းခြောက်ဖို့ကြိုးစားခဲ့သည်။ သူမချောက်ထဲ ခုန်ချဟန်ပြုခဲ့၏။ အမရာမျှော်လင့်ခဲ့သည့်အတိုင်း မင်းသားရောက်လာခဲ့ပါသည်။ သို့သော် သူမအထင်နှင့်အမြင်တက်တက်စင်အောင် လွဲချော်သွားခဲ့သည်။ မင်းသားသည် သူမအားတားဆီးရန်လာခြင်းမဟုတ်ပါ။ သူကိုယ်တိုင် ချောက်ထဲတွန်းချပစ်ဖို့အတွက်တဲ့...။

မှော် (ေမွာ္)Where stories live. Discover now