Season-6 Ep(4)

622 30 1
                                    

Unicode

~~မှော်~~
(Season-6)
အပိုင်း(၄)

"မင်းသားကနာကျင်မှုနဲ့အကြောက်တရားတွေကို မှော်စွမ်းအားအတွက်စားသုံးတယ်ဆိုတာကို ဗဒ္ဒရီပြောခဲ့တယ်နော် မြူနားလည်အောင်ရှင်းပြပေးပါလားဟင် "

ကယောင်ချောက်ချားဖြစ်နေသည့်စိတ်လေးသက်သာစပြုသည်နှင့်မြူက သူမမရှင်းလင်းဖြစ်နေသည့်အရာကို မေးလိုက်သည်။ ဗဒ္ဒ္ဓရီကသူမကိုမကြည့်ဘဲ အခန်းကိုပဲ ရှင်းလင်းနေရင်းနှင့်ပင်

"မှော်စွမ်းအားတွေနဲ့အတူမင်းသားမှာ ကျိန်စာတွေပါတွယ်ကပ်ပါခဲ့တယ်ဆိုတာ မင်းကိုငါအကြိမ်ကြိမ်ပြောခဲ့ပါတယ် မင်းသားရဲ့ကျိန်စာဟာ သက်တော်၁ဝနှစ်ရှင်သန်ပြီးတိုင်း ၁၈နှစ်ကြာအိပ်စက်ရတယ် မှော်တိုင်းပြည်ရဲ့ ပြင်ပကိုထွက်ခွာလို့မရဘူး အင်း ဒီထက်ဆိုးတဲ့ကျိန်စာကတော့ ကျိန်စာသင့်လူသားတွေကို ညှင်းပန်းနှိပ်စက်မှုတွေက မင်းသားကို ကျေနပ်ပျော်ရွှင်စေတဲ့ခွန်အားဖြစ်နေတာပါပဲ "

"တော်တော်ဆိုးတဲ့ကျိန်စာပဲနော် "

"အကယ်၍များ အကြောက်တရားနဲ့နာကျင်မှုတွေကနေ မင်းသားအတွက်လုံလောက်တဲ့ စွမ်းအားတစ်ခုရလာခဲ့ရင် သူဟာအကန့်အသတ်မရှိရှင်သန်ခွင့်ရလိုက်ပြီ ၁၈နှစ်ကြာအိပ်စက်နေရတဲ့ကျိန်စာကနေ လွတ်မြောက်သွားမှာပါ"

"ဟင်.... "

"၁၈နှစ်ကြာအိပ်စက်တယ်ဆိုတာ ယာယီသေဆုံးတာပဲ ပြီးရင်ပြန်မွေးဖွားလာသလိုပေါ့ ဒီကျိန်စာကိုဖျက်ဆီးနိုင်ခဲ့ရင် မင်းသားဟာ ဘယ်တောအခါမှ လူသားပြန်မဖြစ်တော့ဘူး"

"ဟင်..  ဒါဆိုရင်မင်းသားက အခုထိလူသားဖြစ်နေတုန်းပဲလား"

ဗဒ္ဒရီကခေတ္တာတိတ်ဆိတ်သွားပြီးမှ

"အိပ်စက်ခြင်း၊ နိုးထခြင်း ၊ခေတ္တာသေဆုံးခြင်း ပြန်မွေးဖွားခြင်းအစရှိတာတွေက မင်းသားကိုလူသားဆန်စေတဲ့အရာတွေပဲ လူသားတစ်ပိုင်းနဲ့မှော်မင်းသားဖြစ်နေတဲ့အတွက် မင်းသားက ပြည့်ဝတဲ့ကျေနပ်မှုတွေမရှိနိုင်ခဲ့ဘူး ဘယ်သူက၁ဝနှစ်ပဲရှင်သန်ပြီး ၁၈နှစ်ကြာတဲ့အထိသေဆုံးချင်မှာလဲ ဒါကြောင့် မင်းသားဟာမှော်ကျိန်စာသင့်ပြီးရောက်လာတဲ့ လူတိုင်းကိုသေပြီးတဲ့အထိမလွတ်မြောက်စေဘဲ နာကျင်စေခဲ့တယ် မြေအောက်နံရံတွေက ညည်းညူသံတွေဟာ မင်းသားအတွက်ဆေးပဲ နာကျင်မှုတွေ၊ အကြောက်တရားတွေဆီကနေ မှော်မင်းသားဟာ စွမ်းအားတွေစုပ်ယူစားသောက်နေခဲ့တယ် အချိန်ကာလအတော်ကြာခဲ့ပါပြီ သိပ်မလိုတော့ပါဘူး ဒီစွမ်းအားတွေက ကျိန်စာတွေကိုဖျက်ဆီးဖို့လုံလောက်သွားလိမ့်မယ်"

မှော် (ေမွာ္)Where stories live. Discover now