Season-2 Ep(9)

804 52 0
                                    

Unicode

~~မှော်~~
(Season-2)
အပိုင်း(၉)

မှော်စာအုပ်....

ရှေးအကျဆုံး(၇)မျိုးသောစုန်းမျိုးနွယ်စုတို့၏ ထူးဆန်းသောပညာရပ်တို့ကို ပေါင်းစပ်၍ ထိန်းချုပ်ထားသော စာအုပ်။

စုန်းကဝေပညာရှင်မ၏ချစ်ခြင်းမေတ္တာဖြင့် ဖန်တီးထားသော အနှိုင်းမဲ့သောအံ့ဖွယ်စာအုပ်။

ဟုတ်ပါသည်... ကြောက်စရာကောင်းလွန်းသော မှော်အစွမ်းတို့ဖြင့်ပြည့်နှက်နေသော ဤမှော်စာအုပ်သည် သူရိယမင်းသားလက်ထဲ ရောက်လာသည့်အခါတွင်တော့...

အရာရာအောင်နိုင်ခြင်းတို့ကို ပိုင်ဆိုင်သွားခဲ့ လေသည်။ ဤမှော်စာအုပ်၏အစွမ်းဖြင့် သူရိယမင်းသားသည် ဇဗ္ဗူမင်းရာဇမင်းသားကို အနိုင်ပိုင်းနိုင်ခဲ့သည်။ အကြီးမားဆုံးသော စစ်ပွဲတို့ကိုအောင်နိုင်ခဲ့သည်။ ဧရာဇ်ပြည်သူတို့၏စိတ်နှလုံးကို လွှမ်းမိုးချုပ်ကိုင် နိုင်ခဲ့၏။ အဆုံးအစမဲ့သော ဘုန်းတန်းခိုးတို့ဖြင့် ကျော်ဇောခြင်းကို ဖန်တီးနိုင်ခဲ့သည်။

ထို့နောက် နန်းတက်ပလ္လင်ပွဲကျင်းပသည့် အခါတွင်တော့ ရှင်ဘုရင်သည် ဧရာဇ်သုဗနိုင်ငံ၏ဘုရင်အသစ်ကို ဤသို့အမိန့်ထုတ်ကြေညာခဲ့လေသည်။

"ဧရာဇ်သုဗနိုင်ငံတော်ကြီး၏ ခုနှစ်ဆက်မြောက်သော ဘုရင်သစ်အား ယခုငါရှင်မင်းမြတ် ကြေညာပါမည် နန်းဆက်ပလ္လင်ပေါ်သို့ ဘုန်းတန်းခိုးပြည့်ဝစွာ တက်လှမ်းနိုင်ခဲ့သူမှာ ပြည်သူပြည်သားတို့ ယုံကြည်မျှော်ကိုးထားသည့်အတိုင်း မင်းသား သူရိယဇရာဇ်ရာဇာပင်ဖြစ်ပေသည်

သူရိယဇရာဇ်ရာဇာမင်းသားသည် စစ်ပွဲပေါင်းများစွာအား အရူံးမရှိ အံ့ဖွယ်ကောင်းအောင် အောင်နိုင်ခဲ့သည် ဇရာဇ်ပြည်၏ကျူးကျော်ရန်သူများအားလုံးကိုလည်း အပြီးသတ်ချေမှုန်းနိုင်ခဲ့သည်မှာ ဧရာဇ်သမိုင်းတွင် စစ်ရေးတွင်အတော်ဆုံးသောမင်းအဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့ပြီဖြစ်သည် ထိုသို့ရဲစွမ်းပြည့်ဝရုံဖြင့်သာမကဘဲ တိုင်းပြည်၏ဘဏ္ဍာရေးရာတိုးပွားအောင်လည်း တန်းခိုးရှင်တစ်ပါးနှယ်ဖန်ရှင်းခဲ့၏ ပြည်သူတို့အား ရွှေငွေရတနာပေးကမ်း၍ချမ်းသာစေခြင်းသာမက အသက်ရှည်ကျန်းမာစေသော ဆေးစွမ်းကောင်းများအား လမ်းညွှန်းပေးနိုင်ခဲ့သည်... ပြည်သူ၏ လယ်ယာမြေများအား သမိုင်းအဆက်ဆက်ဖျက်ဆီးခဲ့သော တောရိုင်းတရိစ္ဆာန်များအားလည်း မယုံကြည်ဖွယ်ကောင်းအောင်ပင် ထိန်းချုပ်ဟန့်တားနိုင်ခဲ့သည်

မှော် (ေမွာ္)Where stories live. Discover now