Season-2 Ep(10)

802 50 0
                                    

Unicode

~~မှော်~~
(Season-2)
အပိုင်း(၁ဝ)

"အထုပ်အပိုးတွေအားလုံး တစ်ခါတည်း ယူသွားမယ် ကျုပ်အထင်ဒီဂူရဲ့အဆုံးမှာ ထွက်ပေါက်ရှိနိုင်တယ် ညကမြေပုံကို ပြန်ကြည့်လိုက်တော့ ကျုပ်တို့သွားနေတဲ့ လမ်းကြောင်းကနေသွေဖယ်မသွားဘူး မြေပုံလမ်းကြောင်းက ဒီနှင်းတောင်ကို ပတ်ထားတဲ့အတွက် ဂူကနေဖြတ်သွားနိုင်ခဲ့ရင် ပိုခရီးထွင်နိုင်တယ် ဒီဂူက ဖြတ်လမ်းတစ်ခုခုလည်းဖြစ်သွားနိုင်တယ် ဒါကြောင့်အထုပ်တွေယူခဲ့မယ် ဂူထွက်ပေါက်တွေ့ရင် ကျုပ်တို့ ခရီးဆက်သွားမယ်"

ဦးအဂ္ဂစကားအဆုံး နိူင်းကအလိုမကျဟန်နှင့်

"အထုတ်တွေယူသွားတာတော့ဟုတ်ပါပြီ ခရီးဆက်သွားမယ်ဆိုတာက ဘယ်လိုသဘောလဲ နေခကိုကျွန်တော်တို့ရှာရဦးမယ်မဟုတ်လား သူ့ကိုမတွေ့ဘဲ ကျွန်တော်တို့ခရီးမဆက်နိုင်ဘူး"

"တွေ့တယ်မတွေ့ဘူးဆိုတာ အရင်ရှာကြည့်မှ အဖြေထွက်လာမှာပါမောင်ရင် ဂူထွက်ပေါက် တွေ့ရင်တော့ အဲ့ဒီ့အတိုင်းခရီးဆက်ရမှာပဲ ဒါမှမဟုတ်မောင်ရင်က ဂူထဲကို ပြန်လှည့်ဝင်လာပြီး မတွေ့မချင်း ထိုင်စောင့်နေမလား ဒီဂူထဲမှာပဲ မရမကရှာနေတော့မှာလား.."

"နေခကကျွန်တော့်သူငယ်ချင်းအရင်းပါ ပြီးတော့ ကျွန်တော့်ကြောင့် ဒီခရီးကိုသူထွက်လာခဲ့တယ် သူပျောက်သွားတာ ကျွန်တော့်မှာ တာဝန်အများကြီးရှိတယ်ဦးအဂ္ဂ သူ့ကိုရှာတွေ့မှကို ဖြစ်မယ် "

"အထဲမှာမတွေ့ခဲ့ရင် အပြင်မှာဆက်ရှာရမှာပဲ ဂူအတွင်းထဲမှာ နှံ့သလောက်ရှာမယ် ပြီးရင် ကျုပ်တို့ပုံမှန်အတိုင်းခရီးဆက်ရမယ် "

"ဒါပေမဲ့..."

"နိူင်းတော်တော့ ..."

အချေအတင်ဖြစ်နေသည့်အနေအထားမှာ ဟန်က ဝင်ဟန့်လိုက်ပြီး

"ကဲ... အရင်ဆုံးအထဲဝင်မယ် နေခကိုရှာကြမယ် ထွက်လာမဲ့အဖြေပေါ်မူတည်ပြီး ဘာလုပ်မလဲဆိုတာ အဲ့ဒီ့အချိန်မှပြောကြတာပေါ့ ဟုတ်ပြီလာ"

"ဟန်ပြောတာမှန်တယ် ဒီလိုငြင်းခုန်နေတာ ဘာမှမထူးဘူး နိူင်း.. နင်နေခအတွက် စိတ်ပူနေတယ်ဆိုတာလည်း ငါနားလည်တယ် အခုချိန်မှာနေခကိုရှာဖို့အရေးကြီးနေတာမို့ ကျန်တာကို နောက်ကိစ္စထားလိုက်ပါ ငါတို့ဂူထဲအရင်ဝင်ရအောင်"

မှော် (ေမွာ္)Where stories live. Discover now